တရုတ်နဲ့ ဗီယက်နမ် ဆွေးနွေး၊ တိုးတက်မှု မရှိ

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြီးခဲ့တဲ့လက တောင်တရုတ် ပင်လယ်အတွင်း အငြင်းပွား ရေပိုင်နက်မှာ တရုတ်နိုင်ငံက ရေနံတူးစင် ချထားခဲ့ပြီးတဲ့နောက် ပထမဆုံး အကြိမ် တရုတ် နိုင်ငံခြားရေး ထိပ်တန်း အရာရှိကြီးတွေက ဗီယက်နမ် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
ပြည်နယ် ကောင်စီဝင် Yang Jiechi က ဗီယက်နမ် နိုင်ငံဟာ ထိပ်တိုက် ရင်ဆိုင်မှု ပိုလုပ်လာခဲ့တယ်၊ တရုတ်ရဲ့ ရေနံ တူးဖော်ရေး လုပ်ငန်းကို ဝင်စွက်တာတွေ ရပ်တန့်သင့်တယ်လို့ ပြောပါတယ်။
ဗီယက်နမ်ကလည်း တရုတ်နိုင်ငံဟာ တောင်တရုတ် ပင်လယ် အတွင်းမှာ ရန်စ ကျူးကျော်မှုတွေ လုပ်ခဲ့တယ်လို့ မကြာသေးခင် သီတင်းပတ်တွေ အတွင်းက စွပ်စွဲခဲ့ပါတယ်။
နှစ်နိုင်ငံ သင်္ဘောတွေဟာ တရုတ် ရေနံတူးစင် အနီးမှာ အချင်းချင်း ပြင်းပြင်းထန်ထန် ထိတွေ့မှုတွေ ရှိခဲ့ပါတယ်။
ဗီယက်နမ် နိုင်ငံတွင်းမှာလည်း တရုတ် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ၊ အဓိကရုဏ်းတွေ ဖြစ်ခဲ့လို့ တရုတ် နိုင်ငံသား ၅ ယောက် သေဆုံးခဲ့ပါတယ်။




