အီရတ် သတ်ဖြတ်မှု ပုံတွေတင်

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရတ် မြောက်ပိုင်းကို ထိန်းချုပ် ထားတဲ့ ဆွန်နီ အစွန်းရောက် တပ် တွေက အီရတ် စစ်သား တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ် ထားတယ်လို့ ယူဆရတဲ့ ပုံတွေကို အင်တာနက်မှာ လွှင့်တင် ခဲ့ပါတယ်။
အီရတ်နဲ့ ဆီးရီးယား လက်ဘနွန် ဒေသ တွေမှာ ခြေကုပ် ယူထားတဲ့ ISIS အစ္စလာမ္မစ် နိုင်ငံ တပ်သားတွေက တစ်ကရစ် မြို့က စစ်စခန်း တခုကို သိမ်းချိန်မှာ ရိုက်ထားတဲ့ ပုံတွေလို့ ယူဆ ရပါတယ်။
သီးခြား အတည်မပြု နိုင်တဲ့ ဒီဓာတ်ပုံ တွေ ထဲမှာ အစိုးရ တပ်သား တွေကို ခေါ်ထုတ် သွားပြီး ကတုတ်ကျင်း ထဲမှာ လှဲခိုင်း ထားပြီး ISIS သူပုန် တွေက ပစ်ခတ် မယ့် ပုံစံမျိုး ဓာတ်ပုံ တွေ ပါပါတယ်။
ဘဂ္ဂဒက် မြို့ တော်က အီရတ် စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ဒီပုံ တွေကို တကယ့် ပုံအစစ်တွေ ဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြော ဆိုပါတယ်။
ရှီအာ တပ်သား တထောင့် ခုနစ်ရာကို သတ်ဖြတ် ခဲ့တယ်လို့ ISIS တွေ ဘက်က ပြောဆိုတာဟာ ထိတ်လန့် တုန်လှုပ် စရာ ကောင်းလှကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောကြား ပါတယ်။




