တရုတ်သင်္ဘော ၄ စင်း ဗီယက်နမ်ကို ရောက်ရှိ

ဓာတ်ပုံ ရင်းမြစ်, AP
ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှု အဓိကရုဏ်းတွေ ဖြစ်ပွားနေ တာကြောင့် တရုတ် နိုင်ငံသားတွေကို ကယ်ထုတ်ဖို့အတွက် ဗီယက်နမ်ကို စေလွှတ် လိုက်တဲ့ တရုတ် သင်္ဘော ၄ စင်း အနက် တစ်စင်းဟာ ပြန်လာနေပြီလို့ တရုတ်နိုင်ငံက ပြောပါတယ်။
အဲဒီ သင်္ဘောဟာ ဗီယက်နမ် အလယ်ပိုင်းက တရုတ်လူမျိုးတွေကို သွားရောက် တင်ဆောင်လာတာ ဖြစ်ပါတယ်။
ဗီယက်နမ် အလယ်ပိုင်းဒေသက ဆောက်လက်စ တရုတ်ပိုင် သံမဏိ စက်ရုံတခုမှာ ပြီးခဲ့တဲ့ အပတ်က အဓိကရုဏ်းတွေကြောင့် တရုတ်လူမျိုး ၂ ဦး သေဆုံးသွားပြီး တစ်ရာကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
၂ နိုင်ငံ အငြင်းပွား ရေပိုင်နက်မှာ တရုတ်တို့က ရေနံတူးစင် ဆက်လက် ထားရှိဖို့ ဆုံးဖြတ်ပြီးတဲ့နောက် ဗီယက်နမ်မှာ တရုတ် ဆန့်ကျင့်ရေး အကြမ်းဖက်မှုတွေ အကြီးအကျယ် ဖြစ်ပွားလာရာကနေ ရာနဲ့ချီတဲ့ တရုတ်ပိုင် စက်ရုံတွေလည်း တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဗီယက်နက် အစိုးရကတော့ အခုနောက်ပိုင်း ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့ လုပ်ဆောင်လာခဲ့ပါတယ်။




