ဗီယက်နမ်က တရုတ်နိုင်ငံသားတွေ ကယ်ထုတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
နယ်မြေ ပိုင်နက် အငြင်းပွားမှု ကိစ္စကြောင့် တရုတ် ဗီယက်နမ် လူမျိုးရေး အဓိကရုဏ်း တွေ ဖြစ်ပွား ခဲ့ပြီးနောက် ဗီယက်နမ် နိုင်ငံက တရုတ် လူမျိုး သုံးထောင်ကျော် ကို တရုတ် အစိုးရ က ရွှေ့ပြောင်း ပေးခဲ့တယ် လို့ ဆင်ဟွာ သတင်း ဌာန က ပြောကြား ပါတယ်။
တရုတ် အစိုးရက စင်းလုံးငှား လေယာဉ်တွေ၊ သင်္ဘော တွေနဲ့ ကူညီ ရွှေ့ပြောင်း ပေးနေတယ် လို့လည်း ဆင်ဟွာက ပြောကြားပါတယ်။
တောင်တရုတ် ပင်လယ် ထဲက ရေပိုင်နက် အငြင်းပွား နေတဲ့ နေရာမှာ ရေနံတွင်း တူးဖို့ ပြင်ဆင် ရာက ဗီယက်နမ် နိုင်ငံမှာ တရုတ် ဆန့်ကျင်ရေး အဓိကရုဏ်း တွေ ဖြစ်ပွား ခဲ့ရာမှာ တရုတ် နိုင်ငံသား ၂ ဦးအနည်းဆုံး သေဆုံး ပြီး ရာနဲ့ချီ ဒဏ်ရာ ရခဲ့ကြောင်း လည်း တရုတ် အစိုးရ က ထုတ်ပြန်ခဲ့ပါတယ်။
အဓိကရုဏ်း မှာ ပါဝင် သူတွေကို စုံစမ်း အရေးယူ သွားမယ် လို့ ဗီယက်နမ် ဘက်က ပြောကြား ခဲ့ပါတယ်။




