ဗီယက်နမ်မှာ တရုတ်ပိုင် စက်ရုံတွေ မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, AFP
ဗီယက်နမ် နိုင်ငံ တောင်ပိုင်းမှာ တရုတ် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် ပြည်ပ နိုင်ငံပိုင် စက်ရုံတွေ မီးရှို့ခံခဲ့ကြရပြီး ပျက်စီးသွားခဲ့ကြပါတယ်။
တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ်နဲ့ ဗီယက်နမ်ကြား ပိုင်နက် အငြင်းပွားရာ နေရာမှာ တရုတ်ဘက်က ရေနံတူးစင် ချထားမှုကို ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့ စက်ရုံ တချို့က ထိုင်ဝမ်ပိုင် စက်ရုံတွေ ဖြစ်ကြပြီး တရုတ်ပိုင် အဖြစ် မှားယွင်း တိုက်ခိုက် ခံခဲ့ကြရတာ ဖြစ်ပါတယ်။
ဆန္ဒပြ တိုက်ခိုက်မှုတွေက နိုင်ငံရဲ့ တခြား နေရာတွေကိုပါ ပြန့်နှံ့သွား ခဲ့တဲ့အတွက် စီးပွားရေး လုပ်ငန်း အတော်များများကို ပိတ်ထားခဲ့ကြပါတယ်။
ဗီယက်နမ် အာဏာပိုင်တွေက လူတွေ ရာနဲ့ချီ ဖမ်းဆီးခဲ့ပါတယ်။
တရုတ် ဘက်ကလည်း ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ ဗီယက်နမ်ကို တိုက်တွန်းခဲ့ပါတယ်။




