ဗီယက်နမ်မှာ တရုတ် ဆန့်ကျင်ရေး တိုးမြှင့် ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, internet
တောင်တရုတ် ပင်လယ်က နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားနေတဲ့ နေရာမှာ ရေနံတူးစင် ထားရှိမယ့် တရုတ်တို့ရဲ့ ဆုံးဖြတ်ချက် အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ ဗီယက်နမ် နိုင်ငံမှာ အကြီးအကျယ် ဆက်လက် ဖြစ်ပွားနေပါတယ်။
ဗီယက်နမ် နိုင်ငံ တောင်ပိုင်း ဘင်ဒေါင်းမြို့မှာ ရှိတဲ့ တရုတ်ပိုင် စက်ရုံတွေမှာ ဆန္ဒပြနေကြတဲ့ ဗီယက်နမ် အလုပ်သမားတွေဟာ ထောင်ပေါင်းများစွာ ရှိပါတယ်။
ထိခိုက် ပျက်ဆီးမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကလည်း တရုတ်တို့ရဲ့ လုပ်ရပ်ဟာ ရန်စ ကျူးကျော်တဲ့ လုပ်ရပ်ဆိုပြီး ပြောထားပါတယ်။
တရုတ်တို့ရဲ့ အခုလို လုပ်ရပ်ဟာ ဗီယက်နမ်တွေကို အကြီးအကျယ် ဒေါသထွက်စေပြီး အငြင်းပွား ရေပိုင် နက်နေရာမှာလည်း နှစ်နိုင်ငံ သင်္ဘောတွေဟာ မတိုးသာ မဆုတ်သာ အခြေအနေမျိုး ဆိုင်နေကြပါတယ်။




