အိန္ဒိယမှာ BJP ပါတီ အပြတ်အသတ် အနိုင်ရနေ

ဓာတ်ပုံ ရင်းမြစ်, AFP
အိန္ဒိယ နိုင်ငံ အထွေထွေ ရွေးကောက်ပွဲမှာ နာရန်ဒရာ မိုဒီ ခေါင်းဆောင်တဲ့ ဟိန္ဒူ အမျိုးသားရေး ပါတီ BJP အနိုင်ရခဲ့ ပါတယ်။
အခုချိန်အထိ ရေတွက်ခဲ့ပြီးသမျှ မဲတွေ အရ နှစ်ပေါင်း ၃၀ အတွင်း ဘယ်ပါတီမှ မနိုင်ဖူးသေးတဲ့ မဲကွာခြားချက်နဲ့ အပြတ်အသတ် နိုင်နေတာ တွေ့ရပြီး လက်ရှိ အာဏာရ ကွန်ဂရက် ပါတီက မရှုမလှ ရှုံးနေပါတယ်။
BJP ပါတီက စီးပွားရေး ပြန်လည် အားကောင်းလာအောင် လုပ်ဆောင်မယ် ဆိုတဲ့ ကတိစကား တွေကြောင့် အစုရှယ်ယာ စျေးတွေလည်း စံချိန်တင် ပြန်တက်လာပါတယ်။
BJP ပါတီ ဥက္ကဋ္ဌ Rajnath Singh ကတော့ အိန္ဒိယဟာ သမိုင်း စာမျက်နှာသစ် ဖွင့်လိုက်ပြီလို့ ပြောပါတယ်။
BJP ပါတီဟာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်ဖို့ အခွင့်အာဏာ ရလာပါပြီ၊ လူ့ဘောင် အသိုင်းအဝိုင်းက ကဏ္ဍတိုင်း အတွက် လုပ်ကိုင် ဆောင်ရွက်မယ်လို့ ကတိပေးပါတယ် လို့လည်း သူက ပြောပါတယ်။
ဒါပေမယ့် အိန္ဒိယရဲ့ အတော့်ကို နည်းပါးတဲ့ လူနည်းစု တွေကတော့ အလွန့်အလွန် စိုးရိမ်နေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။




