ကရိုင်းမီးယား ပူးပေါင်းမှု အမေရိကန် အသိအမှတ်မပြု

ဓာတ်ပုံ ရင်းမြစ်, bbc
ရုရှားက ကရိုင်းမီးယားကို ဥပဒေမဲ့ သိမ်းပိုက်ထားတာကို အမေရိကန်ပြည်ထောင်စု က ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်က ပြောလိုက်ပါတယ်။
ယူကရိန်းကြားဖြတ်အစိုးရကို အမေရိကန်က ကျောထောက်နောက်ခံပြုထောက်ခံ ကြောင်းပြသတဲ့ အနေနဲ့ ဒုသမ္မတ ဂျိုးဘိုင်ဒင်ဟာ ကိယက်ဗ်ကို အလည်ပတ် သွားရောက်စဉ်မှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။
ယူကရိန်းဟာ တနိုင်ငံတည်း အဖြစ် တစုတစည်းတည်းရှိရမယ်လို့ သူက ပြောပါတယ်။
ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားလိုလားသူတွေက ပြည်သူပိုင် အဆောက်အဉီးတွေကို သိမ်းပိုက်ထားရာကနေ ထွက်ခွာပေးကြဖို့ ပဋိပက္ခကို ဖြေလျော့ပေးဖို့ဆိုတဲ့ ပြီးခဲ့တဲ့ အပတ်တုန်းက သဘောတူထားတဲ့ အချက်ကို ရုရှားဘက်က လက်တွေ့ ဆောင်ရွက်ဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်အနေနဲ့ စီးပွားရေး၊ နိုင်ငံရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အကူအညီ ဒေါ်လာ သန်း ၅၀ အပြင် လူသတ်လက်နက်မှအပဖြစ်တဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေကိုလည်း ပေးသွားမယ်လို့ ဆိုပါတယ်။




