လိင်ပြောင်း ခံယူသူတွေ အိန္ဒိယမှာ တရားဝင်ပြီ

အိန္ဒိယမှာ လိင်ပြောင်းလဲ ခံယူသူ အနည်းဆုံး တစ်သန်းခွဲရှိ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ လိင်ပြောင်းလဲ ခံယူသူ အနည်းဆုံး တစ်သန်းခွဲရှိ

အိန္ဒိယ နိုင်ငံမှာ လိင်ပြောင်းလဲ ခံယူသူတွေကို တတိယလိင် အဖြစ် တရားဝင် လက်ခံကြောင်း အိန္ဒိယနိုင်ငံ တရားရုံးချုပ်က ဒီကနေ့ အတည်ပြုခဲ့ပါတယ်။

ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အလုပ်အကိုင် ရှာဖွေမှု စတာတွေမှာလည်း သူတို့အတွက် ကဏ္ဍတစ်ခု သတ်မှတ်ပြီး အခွင့်အရေး တန်းတူ ရအောင် ဆောင်ရွက် ပေးသွားမယ်လို့ ဒီဥပဒေ အတည်ပြုချက် ထဲမှာ ဖော်ပြထားပါတယ်။

အိန္ဒိယမှာ အခုလို လိင်ပြောင်းလဲ ခံယူသူ အရေအတွက် အနည်းဆုံး တစ်သန်းခွဲ ရှိပါတယ်။

သူတို့ကို အိန္ဒိယမှာ ဟင်ဒီ စကားနဲ့ Hijra (မြန်မာလို ကျား မဟုတ် မ မဟုတ်) လို့ ခေါ်ဝေါ်ကြပြီး လူ့အဖွဲ့အစည်းက ခွဲခြား ဆက်ဆံခဲ့ကြပါတယ်။