လစ်ဗျားမှာ ကဒါဖီရဲ့ သားကို စတင် ကြားနာ

ဓာတ်ပုံ ရင်းမြစ်, Reuters
လစ်ဗျားနိုင်ငံ ထရီပိုလီ မြို့တော်မှာ ကွယ်လွန်သူ ဖြုတ်ချခံ လစ်ဗျား ခေါင်းဆောင်ဟောင်း မော်မ်မာ ဂဒါဖီ ရဲ့ သား Saif al-Islam ကို ကြားနာ စစ်ဆေးမှု စတင်ခဲ့ပါတယ်။
Saif al-Islam ဟာ အဂတိ လိုက်စားမှု၊ ၂၀၁၁ ခုနှစ်က သူ့ဖခင် ကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေး ကာလ အတွင်း စစ်ရာဇဝတ်မှုတို့ နဲ့ တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။
မစ္စတာ ဂဒါဖီရဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း အဗ္ဗဒူလာ ဆန်နုစီ Abdullah al-Senussi နဲ့ ဝန်ကြီးချုပ်ဟောင်း ဘက်ဂ်ဒါဒီ အယ်လ် မာမူဒီ Baghdadi al-Mahmoudi တို့လည်း တရားရင်ဆိုင်နေကြရပါတယ်။
Saif al-Islam ကတော့ တရားရုံးကို ရောက်မလာခဲ့ပါဘူး။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ကတည်းက သူ့ကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နေရာ Zintan မြို့ကနေပဲ အင်တာနက်က တဆင့် ကြားနာ စစ်ဆေးခံခဲ့ပါတယ်။
ကြားနာမှုကို ဒီလကုန် အထိ ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။




