လစ်ဗျား ဝန်ကြီးချုပ် သတိပေးခြိမ်းခြောက်

လစ်ဗျား ၀န်ကြီးချုပ် အလီဇေဒန်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လစ်ဗျား ၀န်ကြီးချုပ် အလီဇေဒန်း

မြောက်ကိုရီးယား အလံ လွှင့်ထားတဲ့ ရေနံတင် သင်္ဘောဟာ လစ်ဗျား အရှေ့ဖက်က ခွဲထွက်ရေး စစ်သွေးကြွတွေ ထိန်းချုပ်ရာ ဆိပ်ကမ်းမှာ ဆီတင် ဆီဖြည့်မယ် ဆိုရင် ဗုံးဖောက်ခွဲ တိုက်ခိုက်ပစ်မယ်လို့ လစ်ဗျား ဝန်ကြီးချုပ်က ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် အဲဒီသင်္ဘောက ဝန်ထမ်းတွေကိုလည်း ဖမ်း၀ရမ်း ထုတ်ထားတယ်လို့ ဝန်ကြီးချုပ် အလီ ဇေဒန်းက ပြောပါတယ်။

El-Sidr ဆိပ်ကမ်းမှာ ဆီတင်မှုတွေ လုပ်တော့မယ်လို့ သတင်းရရှိပြီး အဲဒီ ဆိပ်ကမ်းမြို့ဟာ နိုင်ငံက ရေနံ အရင်းမြစ်တွေ ထပ်ရဖို့ တောင်းဆိုနေတဲ့ ခွဲထွက်ရေး သမားတွေ ထိန်းချုပ်ထားတဲ့ ဆိပ်ကမ်းသုံးခုထဲက တခု ဖြစ်ပါတယ်။

လစ်ဗျားဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကတော့ ဘယ်သူမဆို ခွဲထွက်ရေး အဖွဲ့တွေနဲ့ တရားမ၀င် ရောင်းဝယ်မှု လုပ်ရင် နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့တာ ခံရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။