ငါးလိပ်ကျောက် ဘေးမဲ့ဒေသ အင်ဒိုနီးရှား သတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, AFP
အင်ဒိုနီးရှား နိုင်ငံမှာ ဧရာမ ရေယက် တောင်ပံကြီးတွေကြောင့် ကမ္ဘာလှည့် ခရီးသည်တွေကြား ရေပန်းစားတဲ့ မန်တာ ရေးစ် လို့ ခေါ်တဲ့ အကြီးစား ငါးလိပ်ကျောက် မျိုးတွေကို ထိန်းသိမ်း ကာကွယ်ဖို့ ကြိုးစားတဲ့ အနေနဲ့ ဧရိယာ ကီလိုမီတာ သန်းချီ ကျယ်တဲ့ ကမ္ဘာ့အကြီးဆုံး ဘေးမဲ့ ဒေသတစ်ခုကို သတ်မှတ်လိုက်ပါတယ်။
ဒီငါးလိပ်ကျောက်ကြီးတွေ ဖမ်းဆီးတာနဲ့ ပြည်ပ တင်ပို့မှုကို တားမြစ်တဲ့ ဥပဒေကို ပြီးခဲ့တဲ့ လက အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဒီငါးကြီးကို ကြည့်ဖို့ အင်ဒိုနီးရှား ကမ်းလွန် ပင်လယ်ပြင်ကို ကမ္ဘာလှည့် ခရီးသည် အများအပြား လာရောက်ကြတာကြောင့် ဒီခရီးသွား လုပ်ငန်းကနေ တစ်နှစ်ကို ခန့်မှန်ခြေ ဒေါ်လာ ၁၅ သန်းရရှိနေပါတယ်။




