ကိုရီးယား ၂ နိုင်ငံ ဆွေမျိုးတွေ ပြန်လည်တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, AFP
ကိုရီးယား ကျွန်းဆွယ် နှစ်ပိုင်း ကွဲသွားခဲ့ ပြီးတဲ့နောက် နှစ်ပေါင်း ၆၀ ကျော် ကွဲကွာ နေခဲ့ကြတဲ့ ဆွေမျိုးသားချင်း တွေနဲ့ ပြန်တွေ့ဖို့ တောင်ကိုရီးယားက သက်ကြီးရွယ်အို အတော်များများ နယ်စပ်ကို ဖြတ်ပြီး မြောက်ကိုရီးယားကို ဝင်လာခဲ့ကြပါတယ်။
အခြေခံ ဆေးဝါးတွေ၊ စားစရာတွေက အစ မိသားစု ဓာတ်ပုံတွေ အဆုံး လက်ဆောင် ပစ္စည်းတွေ အပြည့် ထည့်ထားတဲ့ အိတ်တွေကို သူတို့ သယ်လာခဲ့ကြပါတယ်။
မြောက်ကိုရီးယား ဘက်ခြမ်း နယ်စပ်က ကမ္ဘာလှည့် ခရီးသည်တွေ သွားရာ နေရာမှာ ခံစားချက်တွေ အပြည်နဲ့ ဒီတွေ့ဆုံမှု ဖြစ်ခဲ့တာပါ။
ဒီလို ပြန်လည် တွေ့ဆုံမှုမျိုး မရှိခဲ့တာ ၂၀၁၂ နောက်ပိုင်း ကတည်းက ဖြစ်ပါတယ်။
တောင်ကိုရီးယား ဘက်က လုပ်ဆောင်မှု တွေကို ကန့်ကွက်တဲ့ အခါ တန်ပြန်မှုတွေ အနေနဲ့ အခုလို ပြန်လည် တွေ့ဆုံပွဲတွေကို မြောက်ကိုရီးယား ဘက်က အရင်က ဖျက်သိမ်း ခဲ့တာ ဒါမှမဟုတ် ဆိုင်းငံ့တာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။




