တောင်နဲ့ မြောက် သင့်မြတ်ဖို့ မြောက်ကိုရီးယားရဲ့ စာ

ဓာတ်ပုံ ရင်းမြစ်, Reuters
တောင် နဲ့ မြောက် ကိုရီးယား အကြား စစ်ရေးအရ တဘက်နဲ့ တဘက် ရန်စောင် နေကြတာကို အဆုံးသတ်ပြီး ၂ နိုင်ငံ ပြန်လည်သင့်မြတ်ဖို့အတွက် မြောက်ကိုရီးယား ဘက်က တောင်းဆိုလိုက်ပါတယ်။
နျူကလီးယား ကြောင့် ဒုက္ခသုက္ခ ရောက်ရမယ့် အဖြစ်ကနေ ကူညီပြီး ကာကွယ် တားဆီးဖို့ မြောက်ကိုရီးယားက တောင်းကိုရီးယားကို တောင်းဆိုထားတဲ့ စာတစောင်ကို ပြုံယမ်း နိုင်ငံပိုင် သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားကို အသရေ ဖျက်နေတာတွေကိုလည်း ပြုံယမ်း အနေနဲ့ မလုပ်တော့ကြောင်း အဲဒီ စာထဲမှာ ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား တို့ရဲ့ နှစ်စဉ် ပြုလုပ်နေကျ ပူးတွဲ စစ်ရေး လေ့ကျင်မှုတွေ လုပ်ဖို့ သီတင်းပတ် လောက်သာ လိုတော့တဲ့ အခုလို အချိန်မှာ မြောက်ကိုရီးယား ဘက်က အခုလို စာရေးသားလာတာ ဖြစ်ပါတယ်။
အခုလို တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင်မှုဟာ မြောက်ကိုရီးယားအတွက်တော့ အကြီးအကျယ် စိတ်ပျက်ဖွယ်ရာ ကိစ္စတခု ဖြစ်နေတာပါ။




