ဓာတုလက်နက် ဖျက်သိမ်းမှု ဂျာမနီ ကူညီမယ်

နိုင်ငံတကာက ကြိုးစားနေတဲ့ ဆီးရီးယားက ဓာတုလက်နက်တွေကို ဖျက်သိမ်းဖို့ လုပ်နေတာကို ဂျာမနီက သူတို့လည်း ဝိုင်းကူမယ်လို့ ပြောပါတယ်။
ကုသသမဂ္ဂက ဒီအရေးနဲ့ ပတ်သက်ပြီး အကူအညီ တောင်ပြီးတဲ့ နောက်မှာ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီးက သူတို့လည်း တာဝန်ယူပါတယ်လို့ ပြောပါတယ်။
ဓာတုလက်နက်တွေကို အန္တရာယ်မရှိအောင် လုပ်ပြီးရင် သိမ်းဆည်းဖို့နေရာ တခုကိုလည်း ဂျာမနီက တည်ဆောက် ပေးထားမယ်လို့ ဆိုပါတယ်။
ဒမားစကပ်မှာ လူပေါင်း ရာနဲ့ချီပြီး အဆိပ်ဓာတ်ငွေ့နဲ့ သေဆုံးခဲ့တဲ့ အဖြစ် ပြီးခဲ့တဲ့ နှစ်က ဖြစ်ခဲ့ပြီးနောက် ဆီးရီးယား သမ္မတ အာဆတ် က သူ့ရဲ့ ဓာတုလက်နက်တွေ ကို စွန့်လွှတ် လွှဲပြောင်း ပေးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။




