ခရစ်ယာန်တွေ ကို ဘဂ္ဂဒက်မှာ ပစ်မှတ်ထားတိုက်ခိုက်

iraq explosion
ဓာတ်ပုံ ပုံစာ, ခရစ်ယာန်တွေ ကို ပစ်မှတ်ထားခဲ့ကြ

ခရစ်ယာန်တွေကို ပစ်မှတ်ထား တဲ့ ဗုံးခွဲတိုက်ခိုက်မှု ၂ခု အီရတ်မြို့တော် ဘဂ္ဂဒက်မှာ ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၃၄ ယောက် သေဆုံးခဲ့ပါတယ်။

ပထမကားဗုံးတခုက ခရစ်စမတ်နေ့ဆုတောင်းပြီး ဘုရားကျောင်းကထွက်လာတဲ့ လူတွေနားမှာ ကွဲခဲ့ပြီး လူ အနည်းဆုံး ၂၄ ယောက်သေဆုံးသွားပါတယ်။

နောက်ဗုံးတလုံးကို ခွဲတဲ့နေရာကတော့ ခရစ်ယာန်တွေ အများစုနေတဲ့ အရပ်နားက စျေးတခုအတွင်း မှာဖြစ်ပါတယ်။

သေဆုံးသူ အရေအတွက် အခုသိရတာထက်များနိုင်တယ် လို့လည်း ခန့်မှန်းနေကြပါတယ်။

ဘယ်သူ့လက်ချက်လည်းဆိုတာကို အခုအချိန်ထိ မကြေညာကြသေးပေမယ့် အရင်တုန်းကတော့ အီရတ်မှာ အယ်ခိုင်းဒါးတွေ အစ္စလာမ်မစ် တွေရဲ့ အခုလိုတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ ပါတယ်။