ဘင်္ဂလားဒက်ရှ် ဆန္ဒပြပွဲအတွင်း ၃ယောက်သေ

ဘင်္ဂလားဒက်ရှ် ဆူပူဆန္ဒပြမှုများ
ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒက်ရှ် ဆူပူဆန္ဒပြမှုများ

ဘင်္ဂလားဒက်ရှ်နိုင်ငံမှာ ကြာသပတေးနေ့က အစ္စလမ်မစ် အတိုက်အခံ ခေါင်းဆောင်ကို သေဒဏ်ချမှတ် ပြီးတဲ့နောက် မကြေနပ်သူတွေက ကန့်ကွက် ဆန္ဒပြကြရာမှာ အနည်းဆုံး လူသုံးယောက် သေဆုံးပါတယ်။ နိုင်ငံမြောက်ပိုင်းမှာ အထွေထွေ သပိတ်မှောက်ဖို့ တိုက်တွန်းနေတဲ့ အစ္စလမ်မစ် ပါတီဝင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တို့ကြား ထိပ်တိုက် ရင်ဆိုင်မှုကြောင့် နှစ်ယောက်သေပါတယ်။

နောက်တခါ အစ္စလမ်မစ် အဖွဲ့ကလို့ ယူဆရသူတွေရဲ့ လက်စား ချေမှုကြောင့် လက်ရှိ အဝါမီလိဂ် ပါတီကို ထောက်ခံသူ တယောက်လည်း အသတ်ခံရပါတယ်။

၁၉၇၁နှစ် တုန်းက ပါကစ္စတန်ကနေ ဘင်္ဂလားဒက်ရှ်တို့ လွတ်လပ်ရေး တိုက်ပွဲဝင်စဉ်အတွင်း လူသားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အစ္စလမ်မစ် ခေါင်းဆောင် Abdul Kader Mullah ကို ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။