မန်ဒဲလား ရုပ်ကလာပ် နောက်ဆုံးရက် ရောက်ရှိ

ကွယ်လွန်သူ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားရဲ့ ရုပ်ကလာပ်ကို ဂါရဝ ပြုဖို့ နောက်ဆုံးရက်ကို ရောက်ရှိလာပြီ ဖြစ်ရာ ထောင်သောင်းချီတဲ့ ပြည်သူတွေ လာရောက် တန်းစီ စောင့်ဆိုင်နေကြဆဲ ဖြစ်ပြီး လာရောက် သူ အားလုံးအတွက်တော့ မန်ဒဲလားရဲ့ ရုပ် ကလာပ်ကို မြင်ခွင့်ရမှာ မဟုတ်ဘူးလို့ အစိုးရက သတိပေးထားပါတယ်။
ပရီတိုးရီးဒယား မြို့က အဓိက အစိုးရ အဆောက်အဦး နေရာ အနီးက ကားရပ်နားရာ နေရာတွေကိုလည်း ဂါရဝပြုသူတွေကို နေရာပေးဖို့ အာဏာပိုင်တွေက ပိတ်ပစ်လိုက်ပြီ ဖြစ်ပါတယ်။
မစ္စတာ မန်ဒဲလားဟာ ပြီးခဲ့တဲ့ အပတ်က အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး သူ့ စျာပနကိုတော့ တနင်္ဂနွေနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
အောက်မေ့ဖွယ် အခမ်းအနားတုန်းက သင်္ကေတ စကားနဲ့ သတင်းတင်ပြသူရဲ့ အမှားအယွင်းတွေ အတွက်လည်း တောင်းပန်ကြောင်း တောင်အာဖရိက အစိုးရက ပြောကြားပါတယ်။




