ဆေးခြောက် ရောင်း၀ယ် သုံးစွဲမှု တရား၀င် ဖြစ်ဖို့ ဥရုဂွေး ဆွေးနွေး

ဆေးခြောက် ရောင်း၀ယ်မှုကို တရား၀င် လုပ်ဖို့ ဆွေးနွေးနေ
ဓာတ်ပုံ ပုံစာ, ဆေးခြောက် ရောင်း၀ယ်မှုကို တရား၀င် လုပ်ဖို့ ဆွေးနွေးနေ

ဥရုဂွေး နိုင်ငံမှာ ဆေးခြောက် စိုက်ပျိုး ထုတ်လုပ် ရောင်းချ သုံးစွဲ မှုတွေကို တရား၀င် ဖြစ်အောင် လုပ်မယ့် အစိုးရ တင်သွင်းတဲ့ ဥပဒေကြမ်းကို လွှတ်တော်မှာ အခြေအတင် ဆွေးနွေးနေကြပါတယ်။

လ အတန်ကြာ ဆွေးနွေးနေခဲ့ရတဲ့ ဒီဥပဒေကြမ်းကို လွှတ်တော်မှာ တညလုံး ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုန် ရလိမ့်မယ်လို့ မျှော်လင့်နေကြပြီး တကယ်လို့သာ ဒီဥပဒေကြမ်း အတည်ဖြစ်သွားရင် ဥရုဂွေးဟာ ဆေးခြောက် ရောင်းဝယ်မှုကို တရား၀င် လက်ခံတဲ့ ပထမဆုံး နိုင်ငံ ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။

တကယ် လက်တွေ့မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် အားနည်း ပျက်ကွက်မှုတွေ ရှိနေတာဟာ ရှောင်လွှဲလို့ မရတဲ့ ပြဿနာ တရပ်ဘဲလို့ ဆီးနိတ် အမတ် Roberto Conde က ပြောပါတယ်။

မှတ်ပုံတင်ထားတဲ့ အသက်၁၈နှစ် အထက် နိုင်ငံသားတွေဟာ တလကို မူးယစ်ဆေး ၄၀ ဂရမ် ဝယ်ယူခွင့် ရှိလိမ့်မှာ ဖြစ်ပါတယ်။

ဒီကနေ တဆင့် အပြင်းစား မူးယစ်ဆေးတွေကို လူတွေ သုံးလာနိုင်တယ်လို့ ဝေဖန် သုံးသပ်သူတွေက ဆိုပါတယ်။