ပါလက်စတိုင်း နှစ်ရှည် အကျဉ်းသား ၂၆ယောက် အစ္စရေး ပြန်လွှတ်

ပြန်လွတ်လာသူတွေကို ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် (အလယ်က ကုတ်အင်္ကျီ အမဲနဲ့) က ကြိုဆို
ဓာတ်ပုံ ပုံစာ, ပြန်လွတ်လာသူတွေကို ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် (အလယ်က ကုတ်အင်္ကျီ အမဲနဲ့) က ကြိုဆို

အစ္စရေးက ပါလက်စတိုင်း နှစ်ရှည် အကျဉ်းသား ၂၆ယောက်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။

အစ္စရေး ပါလက်စတိုင်း ဆွေးနွေးပွဲ ပြန်စနိုင်ဖို့ အခုနှစ် အစောပိုင်းတုန်းက အမေရိကန် ကြားဝင်စေ့စပ် ပေးမှုနဲ့ ရခဲ့တဲ့ သဘောတူညီမှု အရ အကျဉ်းသားတွေ လေးသုတ် ပြန်လွှတ်ပေးမယ့် အထဲက အခုတခေါက်က ဒုတိယ အသုတ် ဖြစ်ပါတယ်။

အခုလို အကျဉ်းသား ပြန်လွှတ်ပေးမှုဟာ အစ္စရေး နိုင်ငံမှာ အကြီးအကျယ် အငြင်းပွားစရာ ကိစ္စ ဖြစ်ပါတယ်။

အခု လွတ်လာမယ့် အကျဉ်းသား ၂၆ယောက်ဟာ အစ္စရေး နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့တယ် ဆိုပြီး အကျဉ်းချခံ ထားရတာ ဖြစ်ပါတယ်။

လွတ်လာသူထဲက အများစုကို အနောက်ဖက်ကမ်းကို လွှဲပေးမှာ ဖြစ်သလို ကျန်တဲ့သူတွေကို ဂါဇာကို ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။

သူတို့ကို သူရဲကောင်း အိမ်အပြန်သဖွယ် ကြိုဆိုခဲ့ကြပါတယ်။