ဖနွမ်ပင်မှာ ဆန္ဒပြဖို့ ထောင်နဲ့ချီ စုရုံး

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်ပင်မှာ ၃ ရက် ကြာ ဆန္ဒပြကြဖို့အတွက် အတိုက်အခံပါတီကို ထောက်ခံသူတွေ ထောင်နဲ့ချီ စုရုံးနေကြ ပါတယ်။
သူတို့ဟာ ဇူလိုင်လတုန်းက ဝန်ကြီးချုပ် ဟွန်ဆန် နောက်ထပ် ၅ နှစ်သက်တမ်း အနိုင်ရခဲ့တဲ့ ရွေးကောက် ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဒီအငြင်းပွားမှုကို နိုင်ငံတကာက ကြားဝင် ဖြေရှင်းပေးဖို့ တောင်းဆိုလွှာကို ပေးဖို့အတွက် ကုလသမဂ္ဂရုံးဆီ ချီတက်ကြမှာဖြစ်ကြောင်း အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ကယ်တင်ရေး ပါတီက ပြောပါတယ်။
အခုအခါ ဖနွမ်ပင်မြို့ပေါ်မှာ အဓိကရုဏ်း နှိမ်နှင်းရေးရဲ တစ်ထောင်ကျော်ကို ချထားလိုက်ပါတယ်။
အတိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆီ ကတော့ ဆန္ဒပြပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆောက်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။




