တရုတ်မှာ လူ ၁၀၀ ကျော် ဖမ်းဆီး

တရုတ်နိုင်ငံ ရှင်ကျင်းပြည်နယ် အနောက်ပိုင်း မှာ အွန်လိုင်းက တဆင့် ကောလဟာလတွေ ဖြန့်ဝေတယ် ဆိုပြီး ၂လ အတွင်းမှာ လူ ၄၀၀ နီးပါးကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်ခဲ့ပါတယ်။
ကွန်မြူနစ်ပါတီက ထုတ်ဝေတဲ့ သတင်းစာစောင် တစ်ခုမှာတော့ အခု သံသယရှိသူတွေဟာ ဘာသာရေးအရ အစွန်းရောက်အောင်နဲ့ တည်ငြိမ်မှု ပျက်ပြားအောင် ဖြန့်ဝေနေကြတယ်လို့ ဖေါ်ပြထားပါတယ်။
ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လူပေါင်းက ၁၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။
တရုတ်ခေါင်းဆောင်တွေဟာ အခု လတ်တလောမှာ တည်ငြိမ်မှု ပျက်ပြားအောင် လုပ်နေတယ်လို့ သူတို့ ယူဆတဲ့ အွန်လိုင်းပေါ်က ကောလဟာလ ဖြန့်ဝေသူတွေကို ဖမ်းဆီး အရေးယူနေတာ ဖြစ်ပါတယ်။
အခုလို ဖမ်းဆီးထိန်းသိမ်းမှုတွေကို လူနည်းစု မွတ်ဆလင် ဝီဂါလူမျိုးတွေ နေထိုင်ရာ ရှင်ကျင်းပြည်နယ်မှာ အာဏာပိုင်တွေက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဝီဂါ မွတ်ဆလင်တွေဟာ မကြာခဏဆိုသလို အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့မှု ပဋိပက္ခတွေ ရှိနေပါတယ်။




