သေဒဏ်ချမှတ်မှု အစ္စလာမ်မစ် ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အစ္စလာမ်မစ် နိုင်ငံရေးသမား Abdul Quader Mollah ကို သေဒဏ် ချမှတ်ခဲ့အပြီး နောက်တစ်နေ့မှာပဲ နိုင်ငံတဝန်းက မြို့ကြီး မြို့ငယ်တွေမှာ ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ်မစ် ပါတီဖြစ်တဲ့ Jamaat-e-Islami ပါတီက နိုင်ငံတဝန်း သပိတ်မှောက်မှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်နေတာ ဖြစ်ပါတယ်။
မတည် မငြိမ်မှုတွေကို ထိန်းချုပ်နိုင်ဖို့ လုံခြုံရေးတွေကိုလည်း တိုးချထားပါတယ်။
တချို့ နေရာတွေမှာ ရော်ဘာ ကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေကို သုံးခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ခဲနဲ့ ပစ်ခဲ့တဲ့အတွက် လူတစ်ယောက် သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
၁၉၇၁ ခုနှစ်က ပါကစ္စတန် နိုင်ငံ လွတ်လပ်ရေး ရဖို့ တိုက်ပွဲဝင်ခဲ့တဲ့ ကာလ အတွင်း ရက်စက် ကြမ်းကြုတ်မှုတွေ အတွက် အစ္စလာမ်မစ် ခေါင်းဆောင် Abdul Quader Mollah ကို သေဒဏ် ချမှတ်ခဲ့မှု အပေါ် သူ့ကို ထောက်ခံသူတွေက မကျေမနပ် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။




