ဗြိတိသျှ နန်းလျာလေးကို ဖွားမြင်တော့မယ်

ဗြိတိသျှ တော်ဝင် ကိမ်းဘရစ်ချ် မြို့စား ကတော် ကိတ်ဟာ နန်းလျာ ကလေး ဖွားမြင် ခါနီးပြီ ဖြစ်လို့ သူ့ကို ဆေးရုံ တင်လိုက်ကြောင်း နန်းတော် အရာရှိ တွေက ပြောပါတယ်။
မြို့စား ကတော် ဟာ သူနေထိုင်ရာ အိမ်ကနေ ကြင်ယာတော် မင်းသား ဝီလျံနဲ့ အတူ ကားနဲ့ ဆေးရုံကို သွားရောက် ခဲ့တာ ဖြစ်ပါတယ်။
နန်းလျာလေး ဖွားမြင်ပြီးမှ နန်းတော် ကနေ နောက်ထပ် သတင်း ထုတ်ပြန်မှာ ဖြစ်ပါတယ်။
ဗြိတိသျှ ထီးနန်း ဆက်ခံ ပိုင်ခွင့်နဲ့ ပတ်သက်ပြီး မကြာသေးခင်က ဥပဒေ ပြောင်းလဲ မှုတွေ ပြုလုပ်ခဲ့ပြီ ဖြစ်လို့ အခု ဖွားမြင် လာမယ့် ကလေးဟာ သားတော်ပဲ ဖြစ်ဖြစ်၊ သမီးတော်ပဲ ဖြစ်ဖြစ် ထီးနန်း ဆက်ခံပိုင်ခွင့် ရှိမယ့် တတိယမြောက် နန်းလျာ ဖြစ်လာတော့မှာပါ။




