အိန္ဒိယ မြောက်ပိုင်း မိုးသည်းပြီး ရေလွှမ်းမိုး

အိန္ဒိယ နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန် ခဲ့တာကြောင့် ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှု တွေဖြစ်ခဲ့ရာမှာ လူ ၁၃၀ ထက်မနည်း အသက်ဆုံးရှုံး ခဲ့ရပါတယ်။
ဥတ္တရာခန် ပြည်နယ် အတွင်းက ဟိန္ဒူ ဘာသာ ဝင်တွေ အလေးအမြတ် ထားတဲ့ နေရာကိုလည်းအကြီးအကျယ် ထိခိုက် ခဲ့ပါတယ်။
အဲဒီမှာ ရှိနေကြတဲ့ ဘုရားဖူး လာသူတွေ အပါအဝင် လူပေါင်း ၇၅၀၀၀ လောက် နေရာ တော်တော်များများမှာ ရေဝိုင်း ခံနေရပါတယ်။ သူတို့တွေကို အာဏာပိုင် တွေဘက်က ရဟတ်ယာဉ်တွေ သုံးလို့ ကူညီ ကယ်ဆယ်ရေးတွေ လုပ်နေကြ ပါတယ်။
အဲဒီအနီးတဝိုက်က တခြား ပြည်နယ် တွေမှာလည်း မုတ်သုန်လေ အဝင်စောလို့ မိုးတွေ ရွာခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယမှာ တနှစ်ပျှမ်းမျှ မိုးရေချိန်ရဲ့ ၆၈ ရာခိုင်နှုန်း ရွာချခဲ့ပြီး ဖြစ်တယ်လို့ အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။




