နှစ်ရာချီ ရေခဲဖုံး အပင်တွေ အညွန့် အခက် ထွက်လာ

Frozen Plants
ဓာတ်ပုံ ပုံစာ, ရေခဲတောင်တွေ အောက်က ရေခဲဖုံး အပင် လေးတွေကို တွေ့ခဲ့ရ

Little Ice Age လို့ သတ်မှတ် ခေါ်ဝေါ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော်က ရေခဲခေတ် ကာလ အတွင်း ရေခဲ ဖုံးနေခဲ့တဲ့ အပင်လေးတွေဟာ အခု တခါ ပြန်ပြီး အညွန့် အတက် အသစ် လေးတွေ ပြန်တက် လာတာ တွေ့ခဲ့ရ ပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် မကြာ သေးခင် နှစ်တွေ အတွင်း ရေခဲ တောင်တွေ အရည်ပျော် သွားခဲ့တဲ့ ကနေဒါ နိုင်ငံ ဘက်က အာတိတ် ဒေသမှာ သေသွား ခဲ့ပြီးတဲ့ပုံ ရှိတဲ့ ရေညှိပင်လေး တွေကို သိပ္ပံ ပညာရှင် တွေက တွေ့ရှိခဲ့ ပါတယ်။

အဲဒီနောက်ပိုင်း ဓါတ်ခွဲခန်း ထဲမှာ အပင်လေးတွေ ပြန်လည် ရှင်သန် လာခဲ့တာပါ။

ရေခဲဖုံးလွှမ်း ပြီး သေသွားခဲ့ ရာက ပြန်လည် ရှင်သန်လာတဲ့ အပင်လေးတွေ ပြန်လည် ရှင်သန် လာတာဟာ ဂေဟ စနစ် ဘယ်လို သံသရာ လည်တယ် ဆိုတာ ပြသလိုက်တာပဲ ဖြစ်တယ်လို့ Alberta တက္ကသိုလ်က သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။

အခု တွေ့ရှိချက်ကို the National Academy Of Sciences သိပ္ပံ စာစောင်မှာ ဖော်ပြ ထားတာ ဖြစ်ပါတယ်။