သီရိလင်္ကာမှာ ဓနသဟာရ ညီလာခံ ကျင်းပမယ်ဆိုလို့ ကနေဒါ တုန်လှုပ်

အခုနှစ်ကုန်ပိုင်း ကျရင် သီရိလင်္ကာ နိုင်ငံမှာ ဓနသဟာရ ညီလာခံ လက်ခံ ကျင်းပဖို့ ခွင့်ပြုလိုက်တဲ့ အပေါ် အကြီးအကျယ် တုန်လှုပ်မိတယ်လို့ ကနေဒါ နိုင်ငံ ပြောကြားလိုက်ပါတယ်။
သီရိလင်္ကာဟာ ဓနသဟာရ နိုင်ငံတွေ တန်ဖိုးထားတဲ့ ဒီမိုကရေစီနဲ့ ဥပဒေ စိုးမိုးရေးကို လေးစားလိုက်နာမှု မရှိဘူးလို့ ဘီဘီစီကို ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး John Baird ဂျွန် ဘဲဒ်က ပြောခဲ့တာ ဖြစ်ပါတယ်။
သီရိလင်္ကာမှာ ပြည်တွင်းစစ် ပြီးဆုံးခါနီး အစိုးရက စစ်ရာဇဝတ်မှု ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့ပြီး တမီးလ်တွေနဲ့ ပြန်လည် ရင်ကြားစေ့ရေးကို မလုပ်နိုင်ခဲ့ဘူးလို့ သူက ဆိုပါတယ်။
ကနေဒါဟာ သီရိလင်္ကာရဲ့ ပြည်တွင်းစစ် အတွင်း ဖြစ်ပျက်ခဲ့တာတွေကို သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ထပ်တလဲလဲ ငြင်းနေတဲ့ ကြားက တမီးလ် လူမျိုးအများစုကို ဖိအားပေးဖို့ အတင်း အဓမ္မ ပြုသလို ဖြစ်နေတယ်လို့ သီရိလင်္ကာ ဖက်က တုန့်ပြန် ပြောကြားခဲ့ပါတယ်။




