ဘော်စတန် မာရသွန်ပွဲ ဗုံးကွဲ

အမေရိကန် ပြည်ထောင်စု ဘော်စတန်မြို့က မာရသွန် ပြိုင်ပွဲ ပန်းဝင်တဲ့ နေရာ အနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့လို့ လူတော်တော်များများ ထိခိုက် ဒဏ်ရာ ရသွားပါတယ်။
ပျက်စီး ထိခိုက်မှု အရေအတွက်ကို အတိအကျ မသိရသေးပါဘူး။
ဘော်စတန်ကလာတဲ့ ဓါတ်ပုံနဲ့ ဗီဒီယို သတင်းတွေ အရ ရှုတ်ထွေး မသဲကွဲတဲ့ အခြေအနေတွေ မြင်တွေ့ နေရပြီး အရေးပေါ် ကယ်ဆယ်ရေး သမားတွေနဲ့ သွေးတွေပေကျံ နေတဲ့ ပွဲကြည့် ပရိသတ် တွေကို ယာယီ ဆေးကုသရေး နေရာတွေဆီ သယ်ပို့နေတာ တွေ့ရပါတယ်။
အပြေးသမား တယောက်အပြောအရ လူအများအပြား ထိခိုက် သွားတယ်လို့ အေပီ သတင်းမှာ ဖော်ပြထားပါတယ်။
မာရသွန်ပွဲမှာ အနိုင်ရသူတွေ ပထမဆုံး ပန်းဝင်ခဲ့ပြီးတဲ့နောက် မကြာခင်မှာ အခုလို ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။




