ဘုရင်မကြီးရဲ့ နန်းသက် နှစ် ၇၀ပြည့် အခမ်းအနားက တော်ဝင်မိသားစုပုံများ

ဗြိတိသျှဘုရင်မကြီးရဲ့ နန်းသက် နှစ် ၇၀ ပြည့် ပလက်တီနမ်ရတု အခမ်းအနားတွေကို ယူကေမှာ ဇွန်လ ၂ ရက်နေ့က စပြီးကျင်းပနေပါတယ်။ အဖွင့်နေ့မှာတော့ ဘုရင်မကြီးက လန်ဒန်က ဘာကင်ဟမ်နန်းတော်ရဲ့ လေသာဆောင်ကိုထွက်လာပြီး လေတပ်မတော်လေယာဉ်တွေရဲ့ ဂုဏ်ပြုပျံသန်းမှုကို ကြည့်ရှုခဲ့ပါတယ်။

သက်တော် ၉၆ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးဟာ အပြာနုရောင် ဦးထုပ်နဲ့ အပြာနုရောင်အင်္ကျီတို့ကို ဝတ်ဆင်ထားပြီး ပြုံးရွှင်စွာတွေ့ရပါတယ်။

ဘာကင်ဟမ်နန်းတော် လေသာဆောင်ပေါ်က ဘုရင်မကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

အစောပိုင်းကတော့ တော်ဝင်မိသားစုဝင်တွေ လန်ဒန်မြို့လယ်မှာ စုဝေးခဲ့ကြပြီး ဘုရင်မကြီးရဲ့မွေးနေ့အထိမ်းအမှတ် စစ်သားတွေ၊ မြင်းသည်တော်တွေ ချီတက်ဂုဏ်ပြုပွဲကို တက်ရောက်ကြပါတယ်။ ဘုရင်မကြီးရဲ့ နန်းသက် နှစ် ၇၀ ပြည့်အခမ်းအနားတွေကို ဇွန် ၂ ရက်က စပြီး လေးရက်တာ ကျင်းပမှာဖြစ်ပါတယ်။

ပထမဆုံး မြင်းလှည်းနဲ့ထွက်လာတာက မင်းသားဝီလျံရဲ့ ဇနီးသည် ကိန်းဘရစ်မြို့စားကတော် ကက်သရင်းနဲ့ သူတို့ကလေးသုံးယောက်ပါ။ မင်းသားလေး ဂျော့ချ်၊ မင်းသမီးလေးရှားလော့နဲ့ မင်းသားလေးလူးဝစ်တို့နဲ့အတူ သူတို့ရဲ့ ဘိုးအေ ချားလ်စ်မင်းသားရဲ့ကြင်ယာတော် ကမီလာလည်း အတူပါလာပါတယ်။

ကက်သရင်းနဲ့ ယောက္ခမတော် ကမီလာ၊ ကက်သရင်းရဲ့ ကလေးသုံးယောက် REUTERS/Phil Noble

ဓာတ်ပုံ ရင်းမြစ်, Reuters

စစ်သည်တွေချီတက်တဲ့ပွဲကို တက်လာတဲ့ ကမီလာနဲ့ ကက်သရင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကမီလာနဲ့ ကက်သရင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

မင်းသားလေးဂျော့ချ်လည်း လှည်းပေါ်မှာပါလာ

ဓာတ်ပုံ ရင်းမြစ်, PA Media

မင်းသားဝီလျံနဲ့ ကက်သရင်းတို့ရဲ့ ကလေးသုံးယောက်လည်း လှည်းပေါ်မှာ အတူပါလာကြပါတယ်။

မင်းသားလေး ဂျော့ချ်၊ မင်းသားလေးလူးဝစ်နဲ့ မင်းသမီးလေးရှားလော့နဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

မင်းသားလေး ဂျော့ချ်၊ မင်းသားလေးလူးဝစ်နဲ့ မင်းသမီးလေးရှားလော့နဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

မင်းသားလေး ဂျော့ချ်၊ မင်းသားလေးလူးဝစ်နဲ့ မင်းသမီးလေးရှားလော့နဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

မင်းသားလေး ဂျော့ချ်၊ မင်းသားလေးလူးဝစ်နဲ့ မင်းသမီးလေးရှားလော့နဲ့

ဓာတ်ပုံ ရင်းမြစ်, PA Media

မင်းသားလေး ဂျော့ချ်၊ မင်းသားလေးလူးဝစ်နဲ့ မင်းသမီးလေးရှားလော့နဲ့

ဓာတ်ပုံ ရင်းမြစ်, PA Media

သူတို့နောက်မှာတော့ ဘုရင်မကြီးရဲ့ သားတော်အငယ်ဆုံးဖြစ်တဲ့ အက်ဒွပ်မင်းသားနဲ့ ဇနီးသည်ဆိုဖီ၊ သူတို့ရဲ့ ကလေးနှစ်ယောက်တို့လည်း မြင်းလှည်းနဲ့ ထွက်လာကြပါတယ်။

အက်ဒွပ်မင်းသားနဲ့ ဇနီးသည်ဆိုဖီ၊ သူတို့ရဲ့ ကလေးနှစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, PA Media

အက်ဒွပ်မင်းသားနဲ့ ဇနီးသည်ဆိုဖီ၊ သူတို့ရဲ့ ကလေးနှစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, PA Media

နောက်ထပ် မြင်းလှည်းနဲ့လာသူကတော့ ဘုရင်မကြီးရဲ့ မောင်ဝမ်းကွဲ ဂလော့စတာမြို့စား မင်းသားရစ်ချတ်နဲ့ ဇနီးသည်ဘားဂျစ်တို့ပါ။ သူတို့နဲ့အတူ ဘုရင်မကြီးရဲ့ တစ်ဦးတည်းသော သမီးတော် အန်းမင်းသမီးရဲ့ ခင်ပွန်းသည်ရေတပ်ဒုတိယဗိုလ်ချုပ်ကြီး ဆာတင်မ်လော့ရင့်စ်လည်း လိုက်လာပါတယ်။

ဂလော့စတာမြို့စား မင်းသားရစ်ချတ်နဲ့ ဇနီးသည်ဘားဂျစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

အန်းမင်းသမီးရဲ့ ခင်ပွန်းသည်ရေတပ်ဒုတိယဗိုလ်ချုပ်ကြီး ဆာတင်မ်လော့ရင့်စ်

ဓာတ်ပုံ ရင်းမြစ်, PA Media

အဲဒီနောက်မှာတော့ အိမ်ရှေ့စံချားလ်စ်မင်းသား၊ သူ့သားတော် မင်းသားဝီလျံနဲ့ ဘုရင်မကြီးရဲ့ သမီးတော် အန်းမင်းသမီး တို့က ဘာကင်ဟမ်နန်းတော်ကနေ မြင်းကိုယ်စီနဲ့ထွက်လာကြပါတယ်။ သူတို့လည်း စစ်ရေးပြချီတက်ပွဲထဲမှာ ပါဝင်ကြမှာဖြစ်ပါတယ်။ ချားလ်စ်မင်းသားကတော့ စစ်ချီပွဲက အစောင့်တပ်တွေနဲ့ အရာရှိတွေရဲ့ အလေးပြုတာကို ခံယူပါတယ်။

ချားလ်စ်မင်းသား၊ မင်းသားဝီလျံနဲ့ အန်းမင်းသမီး တို့က ဘာကင်ဟမ်နန်းတော်ကနေ မြင်းကိုယ်စီနဲ့ထွက်လာကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, PA Media

ဂုဏ်ပြုပွဲမှာ မြင်းကိုယ်စီစီးလို့ ပါဝင်နေတဲ့ အိမ်ရှေ့စံချားလ်စ်မင်းသားနဲ့ သူ့သားတော် မင်းသားဝီလျံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဆပ်ဆက်မြို့စား မင်းသားဟယ်ရီနဲ့ ဇနီးသည် မယ်ဂန်တို့လည်း တခြားမိသားစုဝင်တွေနဲ့အတူ မြင်းတပ်ဖွဲ့စီတန်းလှည့်လည်တာကို လေသာဆောင်တစ်ခုကနေ ကြည့်ခဲ့ကြပါတယ်။

တော်ဝင်မိသားစုဝင် ကလေးတချို့နဲ့အတူ တွေ့ရတဲ့ မယ်ဂန်

ဓာတ်ပုံ ရင်းမြစ်, GoffPhotos

မင်းသားဟယ်ရီလည်း တခြားတော်ဝင်မိသားစုဝင်ကလေးတွေနဲ့အတူ ဂုဏ်ပြုစစ်ရေးပြပွဲကို ကြည့်

ဓာတ်ပုံ ရင်းမြစ်, GoffPhotos

ကိန်းဘရစ်မြို့စားကတော် ကက်သရင်းနဲ့ ကလေးနှစ်ဦး

ဓာတ်ပုံ ရင်းမြစ်, PA Media

စစ်ရေးပြပွဲအခမ်းအနားကို လေသာဆောင်တစ်ခုကကြည်နေကြတဲ့ မင်းသားဝီလျံရဲ့ ကလေးသုံးဦး

ဓာတ်ပုံ ရင်းမြစ်, George Cracknell Wright/LNP

တော်ဝင်မိသားစုဝင်တွေရဲ့ ကလေးတွေ စုဝေးကြည့်ရှု

ဓာတ်ပုံ ရင်းမြစ်, PA Media

ဝီလျံရဲ့ ကလေးသုံးယောက်၊ အန်းမင်းသမီးရဲ့ မြေးတော် မီယာဂရေ့စ်နဲ့ သူတို့ရဲ့ အဒေါ်တော်စပ်သူ မင်းသမီးဘီးယားထရစ် (အင်ဒရူးမင်းသားရဲ့ သမီးတော်)

ဓာတ်ပုံ ရင်းမြစ်, PA Media

စစ်ရေးပြချီတက်ပွဲအပြီးမှာတော့ တော်ဝင်မိသားစုက ဘာကင်ဟမ်နန်းတော်ကို ပြန်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ နန်းတော်လေသာဆောင်ကို ဘုရင်မကြီးက မောင်ဝမ်းကွဲတော်သူ ကင့်မြို့စားမင်းသားကြီး အက်ဒွပ်နဲ့အတူထွက်လာခဲ့ပါတယ်။

ဘုရင်မကြီးနဲ့ မောင်ဝမ်းကွဲတော်သူ ကင့်မြို့စားမင်းသားကြီး အက်ဒွပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

အဲဒီလသာဆောင်ပေါ်ကို မကြာခင်မှာပဲ မိသားစုဝင်တွေလည်းရောက်လာကြပြီး ဘုရင်မကြီးနဲ့အတူ တော်ဝင်လေတပ်မတော်က ဂုဏ်ပြုပျံသန်းအလေးပြုတာကို ကြည့်ရှုကြပါတယ်။

ဘုရင်မကြီးနဲ့ တော်ဝင်မိသားစုဝင်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

တော်ဝင်မိသားစုဝင်တွေထဲကမှာ တာဝန်ယူထားသူ အကြီးတန်းမိသားစုဝင်တွေနဲ့ သူတို့ရဲ့ ကလေးတွေပဲ ဘုရင်မကြီးနဲ့အတူ လေသာဆောင်ကိုထွက်ဖို့ ဖိတ်ကြားခံရပါတယ်။ အခုတွေ့ရတာကတော့ လက်ဝဲဘက်ကနေ စကြည့်ရင် ဂလော့စတာမြို့စားနဲ့ သူ့ဇနီး ဘားဂျစ်၊ ကင့်မြို့စားကတော်နဲ့ ကင့်မြို့စားကြီး၊ အန်းမင်းသမီးရဲ့ ခင်ပွန်းရေတပ်ဒုတိယဗိုလ်ချုပ်ကြီး တင်မ်လောရင့်စ်၊ အန်းမင်းသမီး၊ ချားလ်စ်မင်းသားရဲ့ ကြင်ယာတော် ကမီလာ၊ ချားလ်စ်မင်းသား၊ ဘုရင်မကြီး၊ မင်းသားဝီလျံရဲ့ ဇနီး ကက်သရင်းနဲ့ သူ့ကလေးတွေဖြစ်တဲ့ လူးဝစ်၊ ရှားလော့နဲ့ ဂျော့ချ်၊ မင်းသားဝီလျံ၊ အက်ဒွပ်မင်းသားရဲ့ ဇနီးဆိုဖီနဲ့ သူ့သားနဲ့သမီး၊ အစွန်ဆုံးမှာတော့ အင်ဒွပ်မင်းသားတို့ဖြစ်ကြပါတယ်။

အဲဒီလို မိသားတွေဆုံကြရင် ဖြစ်တတ်တဲ့အတိုင်းပဲ ကလေးတွေက လူအများရဲ့ စိတ်ဝင်စားမှုအခံရဆုံးတွေဖြစ်သွားပါတယ်။ ဒီနေ့ပွဲမှာတော့ ဝီလျံရဲ့ သားအငယ်ဆုံး မင်းသားလေး လူးဝစ်ပါပဲ။

မင်းသားလေးလူးဝစ်ကို အများက စိတ်ဝင်တစားကြည့်ခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘာကင်ဟမ်နန်းတော်လေသာဆောင်ကနေ လေတပ်ရဲ ဂုဏ်ပြုမှုကို ကြည့်နေတဲ့ ဝီလျံတို့ မိသားစု

ဓာတ်ပုံ ရင်းမြစ်, PA Media

ဘုရင်မကြီးတဲ့အတူ လေယာဉ်တွေပျံတာကြည့်နေရင်း နားနှစ်ဖက်ကို ပိတ်ထားတဲ့ မင်းသားလေးလူးဝစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

လေယာဉ်တွေပျံတာကြည့်နေရင်း နားနှစ်ဖက်ကို ပိတ်ထားတဲ့ မင်းသားလေးလူးဝစ်

ဓာတ်ပုံ ရင်းမြစ်, AFP

လေယာဉ်ပျံတွေဖြတ်ပျံသံဟာ ကလေးတွေအတွက် ဆူညံလွန်းနေလား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘုရင်မကြီးနဲ့အတူ ဂုဏ်ပြုပွဲကို ကြည့်နေကြတဲ့ မင်းသားဝီလျံတို့မိသားစု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘုရင်မကြီးနဲ့အတူ ဂုဏ်ပြုပွဲကို ကြည့်နေကြတဲ့ မင်းသားဝီလျံတို့မိသားစု

ဓာတ်ပုံ ရင်းမြစ်, Getty Images