ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကေမှာသေဆုံးမှုစံချိန်သစ်တင် အပါဝင် ကိုရိုနာ သတင်းများ
အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ် ကြောင့်လူပေါင်း ၇၅၉ ဦး သေဆုံးခဲ့ပြီး ပိုးတွေ့သူ ၁၄,၅၇၉ ယောက်ထိ ရှိလာပါတယ်။
သောကြာနေ့ မတ်လ ၂၇ ရက်နေ့မှာ သေဆုံးသူ ဦး ရေမှာ ၁၈၁ ဦးအထိမြင့်တက်လာခဲ့ပြီး ၃၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့တာဖြစ်ပါတယ်။
အင်္ဂလန် က လူနာ တွေဟာ အသက် ၂၉ နှစ်မှ ၉၈ နှစ်အတွင်းဖြစ် ကြပါတယ်။
ပိုးတွေ့လူနာတွေထဲမှာ အသက် ၈၂ နှစ်မှ ၉၁ နှစ်ကြားလူနာလေး ဦး က လွဲပြီး အားလုံးဟာ ကျန်းမာရေးကောင်းတယ်လို့ကျန်းမာရေးအရာရှိတွေကပြောပါတယ်။
အင်္ဂလန် ဟာ အီတလီ၊ စပိန်၊ တရုတ်၊ အီရန်၊ ပြင်သစ်နဲ့ အမေရိကန်ပြည်ထောင်စု တို့နောက်ကနေ ကမ္ဘာပေါ်မှာ သတ္တမမြောက်သေဆုံးမှုအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။
ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိရကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။
ကူးစက်ခံရသူအ ရေအတွက် တိုးလာနေတဲ့ အမေရိကန်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအားတိုက်ဖျက်ဖို့ တရုတ်နဲ့ အမေရိကန်တို့ ညီညွှတ် ဆောင်ရွှက်ရမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင် က အမေရိကန် သမ္မတ ထရမ့်ကိုပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်း က က အမေရိကန် သမ္မတ က ကိုရိုနာဗိုင်းရပ်စ် ကိုတရုတ် ဗိုင်းရပ်စ် လို့ ပြောဆို ခဲ့ပြီးနောက်မှာ အမေရိကန်နဲ့ တရုတ်တို့အကြား သဘောထားကွဲလွဲမှုတွေရှိခဲ့ပါတယ်။
သမ္မတရှီကတယ်လီဖုန်နဲ့စကားပြောဆိုရာမှာ တရုတ် ကအမေရိကန်နဲ့ကိုရိုနာ အရေးပူးပေါင်းဖို့တရုတ်ကဆန္ဒရှိပြီး ပေကျင်း ရဲ့ချဉ်းကပ်မှုကပ်မှုဟာ ပွင့်လင်းမြင်သာမှု ရှိတယ်လို့ဆိုပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေ အပြန်အလှန် တယ်လီဖုန်းစကားပြောပြီးတဲ့နောက် မှာတော့ သမ္မတထရမ့်က သမ္မတရှီကိုအင်မတန်လေးစားကြောင်း တရုတ်ကရောဂါနဲ့ ပတ်သက်ပြီး အတော်နားလည်ထားတယ်လို့ သူရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။
တရုတ်ဟာ ကိုရိုနာ ရောဂါ ကိုတိုက်ဖျက်ရာရေးမှာ နိုင်ငံပေါင်းတစ်ရာနီးပါး ကို ဆရာဝန် တွေနဲ့ ဝါးအထောက်အပံ့တွေ ပို့ထားပြီး အများဆုံးအကူညီပေးနေတဲ့နိုင်ငံဖြစ်ပါတယ်။
သမ္မတ ထရမ့် က ခုအခါအမေရိကန်ပြည်ထောင်စုဟာ အခြားနိုင်ငံတွေထက် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှုပိုမိုများပြားလာကြောင်းဖော်ပြတဲ့ ကိန်းဂဏန်းတွေဟာ အမေရီကန်စမ်းသပ်မှုအရေအတွက် အများအပြားလုပ်နိုင်ခဲ့တာ ကိုဖော်ပြတာဖြစ်တယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာလက်ရှိ တရုတ်နဲ့အီတလီကို ကျော်လွန် ပြီး လူရှစ်သောင်းငါးထောင်ကျော် ကူးစက်ခံနေရတယ်လို့အတည်ပြုထားပါတယ်။
ပါကစ္စတန်မှာဗလီတက်ဆုတောင်းဝတ်ပြုသူကိုတားမြစ်
ပါကစ္စတန်မှာကို ရိုနာ ဗိုင်းရပ်စ်ကူးစက်သူ၁၂၀၀ ကျော်ရှိလာတဲ့အတွက် သောကြာနေ့ ဗလီတက် ဆုတောင်းဝတ်ပြုသူ တွေကိုတားမြစ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကိုဝန်ကြီးချုပ်အီမရန်ခန်ဦးဆောင်တဲ့အစိုးရရဲ့ပူးပေါင်းဆောင်ရွက်ရေးကော်မတီအသစ်ရဲ့ အစည်းအဝေးကနေချမှတ်ခဲ့တာပါ။
ဒီအစည်းအဝေးကိုဘာသာရေးခေါင်းဆောင်တွေနဲ့ဒေသဆိုင်ရာခေါင်းဆောင်တွေတက်ရောက်ခဲ့ပါတယ် ဗလီတွေကိုပိတ်လိုက်တာမျိုးမဟုတ်ဘဲဝန်ထမ်းတွေတော့ရှိနေမှာဖြစ်ပါတယ်။
အနည်းဆုံးလူငါးယောက်လောက်ပဲအထဲဝင်ဝတ်ပြုလို့ရမှာပါ၊တချို့ဒေသကလူတွေတော့ဒီတားမြစ်ချက်ကိုဆန့်ကျင်ဖို့လုပ်နေပါတယ်။
ပါကစတန်ကရိုးရာဝတ်ပြုတာကိုတားဖို့ကန့်သတ်ချက်တွေလုပ်ဖို့တုံ့ဆိုင်းနေပေမယ့် ကူးစက်သူအရေအတွက်ချက်ချင်းတိုးလာလို့ ဒီလိုဆောင်ရွက်လိုက်ရတာပါ။
ဂျာမဏီမှာတော့ နိုင်ငံရေးတင်းမာ
ကိုရိုနာ နာ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်များကိုဖြေလျှော့ပေးလိုတဲ့ နိုင်ငံရေးသမားများနဲ့ အဓိပတိ အင်ဂျယ်လာမာကယ်တို့အကြားမှာ တင်းမာမှုတွေဖြစ်နေပါတယ်။ မာကယ်ရဲ့ကွန်ဆာဗေးတစ်ပါတီလုပ်ဖော်ကိုင်ဖက် Armin Laschetက ဒီအစီအစဉ်ကို စောစီးစွာ ပြန်လည်သုံးသပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဂျာမဏီဟာ ခြောက်လမှကိုးလအထိအခုလို အရေးပေါ်ဥပဒေနဲ့နေထိုင်သွားလို့မရနိုင်ကြောင်း လည်းသူကပြောပါတယ်။ ၀ န်ကြီးချုပ် မာကယ်ကတော့ အခုအချိန်ဟာ ကန့်သတ်ချက်တွေ ကိုဖြေလျှော့ပေးရမယ့် အချိန်မဟုတ်သေးကြောင်းပြောကြားခဲ့ ပါတယ်။ ဂျာမနီကျန်းမာရေးဌာနအနေဖြင့်အြေခအနေကိုထိန်းနိုင်ဖို့ကူးစက်သူအရေအတွက်ဟာဆယ်ရက်အတွင်း ကူးစက်တဲ့အရေအတွက်နှစ်ဆလောက်အရှိန်လျော့ကျသွားဖို့လိုတယ်လို ့မာကယ်ကဆိုပါတယ်