ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲ - ဆိုင်ယင်ဝမ် ရွေးကောက်ပွဲ ထပ်နိုင်

တရုတ်ပြည်ကြီးက ခြိမ်းခြာက်မှုတွေကို အခုဆက်မလုပ်သင့်တော့ဘူးလို့ ပြော ထိုင်ဝမ်သမ္မတပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ပြည်ကြီးက ခြိမ်းခြာက်မှုတွေကို အခုဆက်မလုပ်သင့်တော့ဘူးလို့ ပြော ထိုင်ဝမ်သမ္မတပြော

တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်အကြား ဆက်ဆံရေးကိစ္စ လွှမ်းမိုးနေတဲ့ ထိုင်ဝမ် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဆိုင်ယင်ဝမ်က နောက်တစ်ကြိမ် အနိုင်ရခဲ့ပါတယ်။

မစ္စဆိုင်ဟာ သူ့ပြိုင်ဘက် ဟန်ကိုရွီကို မဲအသာနဲ့ အနိုင်ရခဲ့ပြီး မဲ ၅၇ ရာခိုင်နှုန်းရခဲ့ပါတယ်။ အဲဒါဟာ မဲ ပေးသူ ၈.၂ သန်း ရဲ့ မဲတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

သူဟာ ပြည်မကြီးနဲ့ နီးစပ်တဲ့ဆက်ဆံရေးကို ဆန့်ကျင်သူ ဖြစ်ပြီး သူ့ပြိုင်ဘက်တော့ စီးပွားရေး အကျိုးရှိဖို့ ဆိုပြီး နီးစပ်ချင်သူ ဖြစ်ပါတယ်။

သူရဲ့ ရွေးကောက်ပွဲ အောင်ပွဲခံ မိန့်ခွန်းမှာ ထိုင်ဝမ်ကို အတင်းအကြပ် ပြန်ယူချင်တာကို လက်လျှော့လိုက်ဖို့ သူက တရုတ်ပြည်မကြီးကို ပြောပါတယ်။

ပြည်မကြီးထောက်ခံတဲ့ ပြိုင်ဘက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်မကြီးထောက်ခံတဲ့ ပြိုင်ဘက်

ထိုင်ဝမ်က လွတ်လပ်တဲ့ ဒီမိုကရေစီ လူနေမှုဘဝကို ဘယ်လောက်တန်ဖိုးထား လေးစားတယ်၊ ကိုယ့်နိုင်ငံကို ဘယ်လောက် ချစ်တယ်ဆိုတာကို ကမ္ဘာကြီးကို ပြလိုက်တာပဲလို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

၁၉၄၉မှာ တရုတ်ပြည်တွင်းစစ် ပြီးကတည်းက ထိုင်ဝမ်ကို သီးခြားအုပ်ချုပ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရကတော့ ထိုင်ဝမ်ကျွန်းကို ဖိအားပေးပြီးပဲဖြစ်စေ၊ တရုတ်ပြည်မကြီးနဲ့ တစ်ချိန်မှာ ပြန်ပေါင်းစည်းနိုင်မယ့် ပြည်နယ်တစ်ခုလို့ ရှုမြင်နေပါတယ်။

မစ္စဆိုင်က တရုတ်အနေနဲ့ အဲဒီလို ခြိမ်းခြောက်တာကို အခုအချိန်မှာ ဆက်မလုပ်သင့်တော့ဘူးလို့ ပြောပါတယ်။