ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိန်နဲ့ မြောက်အမေရိကတိုက်မှာ တလှည့်စီနေလိုတဲ့ တော်ဝင်မောင်နှံ
ဗြိတိသျှ ဘုရင်မ အဲလဇ္ဇဘက်ရဲ့ မြေးတော်တပါးဖြစ်တဲ့ ဟယ်ရီ မင်းသားနဲ့ ကြင်ယာတော် မက်ဂန်တို့က တော်ဝင်မိသားစုရဲ့ ထိပ်တန်းတာဝန်တွေကို မယူတော့ဘူးလို့ ရုတ်တရက် ကြေညာလိုက်ပါတယ်။
ငွေရေးကြေးရေးအရ လွတ်လွတ်လပ်လပ်နေနိုင်အောင် ပြင်ထားတယ်လို့လည်း ဆက္ကဆက် နယ်စား မင်းသား နဲ့ နယ်စားကတော်တို့က အင်စတရာဂရမ်ဝက်ဆိုက်ကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်နဲ့ မြောက်အမေရိကတိုက်မှာ တလှည့်စီနေလိုချင်ကြောင်းလည်း ပြောပါတယ်။
သူတို့ကို မတော်မတရား ရေးသားတယ်ဆိုပြီး ဗြိတိသျှသတင်းစာတချို့ကိုလည်း မနှစ်က တရားစွဲခဲ့ကြပါတယ်။
ဒီလို မထုတ်ပြန်မီမှာ တော်ဝင်မိသားစုနဲ့ သူတို့မတိုင်ပင်ခဲ့ဘူးလို့လည်း ဘီဘီစီက သိရှိရပါတယ်။
ဒီအပြောင်းအလဲကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ကနဦးအဆင့်မှာ ပဲ ရှိသေးတယ်လို့ ဘက်ကင်ဟမ်နန်းတော်က ပြောကြားခဲ့ပါတယ်။