ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဓာတ်ပုံ ပေါင်း၂၀၀၀ ကျော်ထဲက ပုံ ၂၄၀ ကို လန်ဒန်မှာ ပြသမယ်
ဓာတ်ပုံဆရာများ အသင်း AOP က နှစ်စဉ် အပ်နှင်းတဲ့ အကောင်းဆုံး ဓာတ်ပုံဆုတွေ အတွက် နောက်ဆုံး ဆန်ခါတင် ရွေးချယ်ထားတဲ့ ပုံတချို့ကို ထုတ်ဖော် ပြသလိုက်ပါပြီ။
ဓါတ်ပုံ အမျိုးအစားအလိုက် ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း ၂၀၀၀ ရှိတဲ့ အထဲက ဆုရရှိတဲ့ ဓါတ်ပုံတွေကို လာမယ့် မေလ ၁၄ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်။
အဲဒီပုံတွေကို လန်ဒန်မြို့ Canary Wharf အဆောက်အအုံရဲ့ One Canada Square ရင်ပြင်မှာ မေလ ၃၁ ရက်နေ့ အထိ ပြသပါမယ်။
ဓါတ်ပုံဆရာတွေရဲ့ ဆန်ခါတင်စာရင်းဝင် ပုံတချိုကို ရှုစားနိုင်ပါတယ်။