ဗြိတိသျှ တော်ဝင်မိသားစု - ဟယ်ရီ၊ မီဂန်၊ ဝီလျံနဲ့ ကိတ် တို့ရဲ့ ခရစ္စမတ် ကတ်

ကိန်းဘရစ်မြို့စား၊ မြို့စားကတော်နဲ့ သားသမီး ၃ ယောက်

ဓာတ်ပုံ ရင်းမြစ်, Matt Porteous

ဓာတ်ပုံ ပုံစာ, ကိန်းဘရစ်မြို့စား၊ မြို့စားကတော်နဲ့ သားသမီး ၃ ယောက်

ဗြိတိသျှ တော်ဝင် မိသားစုဝင်တွေရဲ့ ဒီနှစ် ခရစ္စမတ် ကတ်တွေ ထွက်လာပါပြီ။

အဲဒီထဲမှာ ဆပ်ဆက်စ် မြို့စား ဟယ်ရီနဲ့ မြို့စားကတော် မီဂန်တို့ရဲ့ မင်္ဂလာဆောင် ဓါတ်ပုံ အသစ် တစ်ပုံလည်း ပါပါတယ်။

အဲဒီ အဖြူအမည်း ဓါတ်ပုံထဲမှာ ဟယ်ရီနဲ့ မီဂန်တို့ကို သူတို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနားမှာ မီးရှူးမီးပန်းတွေ ကြည့်နေကြပုံကို တွေ့ရမှာပါ။

ဖရော့ဂ်မိုး အိမ်တော်မှာ ကင်မရာကို ကျောပေးထားပြီး တဦးနဲ့ တဦး ပွေ့ဖက်ရင်း မီးရှူးမီးပန်းတွေ ကြည့်နေကြတာပါ။

ကိန်းဘရစ် မြို့စား ဝီလျံနဲ့ မြို့စားကတော် ကိတ် တို့ကိုတော့ နောဖော့ခ် အိမ်တော်မှာ ရင်သွေး ၃ ဦးနဲ့ အတူ ခရစ္စမတ် ကတ်ထဲမှာ တွေ့ရမှာပါ။

အခုအခါ ၈ လသားအရွယ် ရှိပြီ ဖြစ်တဲ့ အငယ်ဆုံး ရင်သွေးလေး မင်းသားငယ် လူဝီကို ကိတ်က ပွေ့ချီထားပြီး အန်မာ ခန်းမရှေ့ ကွင်းပြင်က သစ်ပင် အကိုင်းတစ်ခုပေါ်မှာ မိသားစု ဓါတ်ပုံ အရိုက်ခံခဲ့တာပါ။

မင်းသမီးငယ် ရှားလော့ က မိဘ နှစ်ပါး အကြား ပြုံးပြုံးလေး ရပ်နေပေမယ့် အဆော့သန်တဲ့ မင်းသားလေး ဂျော့ဂျ် ကတော့ ရွံ့စီးဖိနပ်နဲ့ ခြေတစ်ဘက်ကို လေထဲ မြှောက်၊ လက်တစ်ဘက်ကို အဖေ့ ပုခုံးပေါ်တင်ပြီး ပြုံးဖြဲဖြဲနဲ့ ဓါတ်ပုံရိုက်ခံခဲ့ပါတယ်။

ဆပ်ဆက် မြို့စား ဟယ်ရီနဲ့ မြို့စားကတော် မီဂန်

ဓာတ်ပုံ ရင်းမြစ်, Chris Allerton

ဓာတ်ပုံ ပုံစာ, ဆပ်ဆက် မြို့စား ဟယ်ရီနဲ့ မြို့စားကတော် မီဂန်

ဝေလမင်းသား ကွန်းဝေါ မြို့စား ချားလ်စ် နဲ့ မြို့စားကတော် ကမီလာ တို့ရဲ့ ခရစ္စမတ် ကတ်ထဲမှာတော့ သူတို့ရဲ့ ကလဲရင့်စ် အိမ်တော် ကွင်းပြင်က ခုံတန်းတစ်ခုပေါ်မှာ တယောက်မျက်နှာ တယောက် ကြည့်နေပုံကို တွေ့ရမှာပါ။

နှစ်စဉ်နှစ်တိုင်း တော်ဝင် မိသားစုဝင်တွေက သူတို့ရဲ့ အနှစ်သက်ဆုံး ဓါတ်ပုံတွေကို ရွေးပြီး ခရစ္စမတ် ကတ်အဖြစ် ထုတ်လေ့ရှိတာ အစဉ်အလာ တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဝေလမင်းသား ချားလ်စ်နဲ့ ကွန်းဝေါ မြို့စားကတော် ကမီလာ

ဓာတ်ပုံ ရင်းမြစ်, Hugo Burnand/PA wire

ဓာတ်ပုံ ပုံစာ, ဝေလမင်းသား ချားလ်စ်နဲ့ ကွန်းဝေါ မြို့စားကတော် ကမီလာ
ဝေလမင်းသား ချားလ်စ်ရဲ့ ခရစ္စမတ် ကတ်

ဓာတ်ပုံ ရင်းမြစ်, Hugo Burnand/PA

ဓာတ်ပုံ ပုံစာ, ဝေလမင်းသား ချားလ်စ်ရဲ့ ခရစ္စမတ် ကတ်