ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂ဝ၁၈ နိုဘယ်ငြိမ်းချမ်းရေးဆုကို အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီး ရရှိ
၂၀၁၈ ခုနှစ် အတွက် နိုဘယ် ငြိမ်းချမ်းရေးဆုကို ကွန်ဂိုနိုင်ငံက သားဖွားနဲ့ မီးယပ်ဆိုင်ရာ ဆရာဝန် ဒန်းနစ် မူကွေဂေ နဲ့ နာဒီယာ မူရတ်တို့ ရရှိသွားပါတယ်။
စစ်ပွဲတွေ အတွင်းမှာ အဓမ္မ ပြုကျင့်မှုကို လက်နက်သဖွယ် အသုံးပြုတာကို တားဆီးရေး လှုပ်ရှား ဆောင်ရွက်မှု အတွက် သူတို့ ကို အပ်နှင်းတာဖြစ်ပါတယ်။
နာဒီယာ မူရတ် က အသက် ၂၅ နှစ် အရွယ် ယာဇီဒီ လူမျိုးဖြစ်ပါတယ်။
သူဟာ ၂ဝ၁၄ ခုနှစ်က IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ရဲ့ ပြန်ပေးဆွဲတာ ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်မလာခင် အထိ သုံးလကြာအောင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး လိင်ကျွန် အဖြစ် ပြုကျင့်ခံခဲ့ရပါတယ်။
အံ့ဖွယ် ဆရာဝန်လို့ ကင်ပွန်း တပ်ခံရတဲ့ ဒန်းနစ် မူကွေဂေ ကတော့ စစ်ဘေးစစ်ဒဏ် ခံနေရတဲ့ ကွန်ဂိုသမ္မတ နိုင်ငံ အရှေ့ပိုင်း မှာ လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်ခံရတဲ့ အမျိုးသမီးတွေ၊ အကြမ်းဖက်ခံရတဲ့ အမျိုး သမီးတွေကို သူတို့ ခံစားကြရတဲ့ စိတ်ဒဏ်ရာ တွေကနေ ပြန်လည် ကုစားပေးတဲ့ လုပ်ငန်းတွေကို နှစ်ပေါင်း ၂၀ ကြာအောင် ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။
နိုဘယ်ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ က အခုရွေးချယ်ခံရသူ နှစ်ယောက်ဟာ ပြစ်မှု ကျူးလွန်သူတွေကို တိုက်ဖျက်ရေးမှာ မဖြစ်မနေ အရေးပါသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
၂၀၁၈ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆုရှင်တွေအဖြစ် နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ကို အမည်စာရင်း တင်သွင်း ခဲ့ကြသူ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၃၃၁ ခုရှိပါတယ်။