ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယင်လတ် ဗြိတိန် မှာ ဆယ်နှစ် ဗီဇာ ရ
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝတ်ထရာ ဟာ ဗြိတိန် နိုင်ငံမှာ ဆယ်နှစ်သက်တမ်း ရှိတဲ့ ဗီဇာ နဲ့ နေထိုင် ခွင့် ရရှိ ခဲ့တယ်လို ဘီဘီစီ ထိုင်း ဘာသာ ဌာန က စုံစမ်း သိရှိခဲ့ရပါတယ်။
ယင်လတ် အနေနဲ့ ဗြိတိန် နိုင်ငံ ကို အချိန်မရွေး ၀င်ထွက် ခွင့် ရှိပြီး ခြောက်လ အတွင်းမှာ ပြန်လည် လာရောက် ရမယ်ဆိုတဲ့ ကန့်သတ် ချက် ပါရှိ ပါတယ်။
ထိုင်းဝန်ကြီးချုပ် ဟောင်း ယင်လတ် ဟာ အကျင့်ပျက် ခြစား မှုတွေ နဲ့ ထောင်ဒဏ် ငါးနှစ် ပြစ်ဒဏ် ကျခံဖို့ အမိန့်ချ ခံထားရတာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ထိုင်းနိုင်ငံ ကနေ ထွက် ခွာ ခဲ့တာ ပါ။
မစ္စစ် ယင်လတ် အနေနဲ့ ဗြိတိန် နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထား နိုင်တယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် လျှက် ရှိနေပါတယ်။
ဘယ်လို ဗီဇာ အမျိုး အစားနဲ့ နေထိုင် ခွင့် ရရှိသလဲ ဆိုတဲ့ အသေးစိတ် အချက် အလက် တွေ ကိုတော့ လူပုဂ္ဂိုလ် တစ်ဉီး တစ်ယောက် စီ ကိုယ်ရေး အချက် အလက် တွေကို ထုတ်ဖော် ပြောဆို ဖို့ မဖြစ် နိုင်ဘူးလို့ ဗြိတိသျှ သံရုံး တာဝန် ရှိသူ က ပြောပါတယ်။
ထိုင်းနိုင်ငံ တာဝန်ရှိသူ တွေကတော့ ဝန်ကြီးချုပ်ဟောင်း ကို ပြန်လည် ခေါ်ယူပြီး အကျင့်ပျက် ချစားမှု တွေနဲ့ မူလ ချမှတ် ထားတဲ့ ထောင်ဒဏ် ပြစ်ဒဏ် ကျခံရစေဖို့ အတတ် နိုင်ဆုံး ကြိုးစား သွားမယ် ဆိုပြီး ထုတ်ဖော် ပြောကြား ထားပါတယ်။