ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျပန်မတွေ ကလေး သုံးယောက် ယူသင့်တယ် ပြောတဲ့ အမတ် တောင်းပန်
ဂျပန်မှာ လူဦးရေ လျော့ကျလာနေတာကို တားဆီးဖို့ အမျိုးသမီးတွေ တယောက်ကို အနည်းဆုံး ကလေး သုံးယောက်ယူသင့်တယ်လို့ ပြောခဲ့တဲ့ လွှတ်တော်အမတ်က ပြန်တောင်းပန်ခဲ့ပါတယ်။
အာဏာရ လစ်ဘရယ် ဒီမိုကရက်ပါတီက လွှတ်တော်အမတ် ကန်ဂျိအိ ကာတိုက မင်္ဂလာဆောင်ကြမယ့် စုံတွဲတွေကို သူအဲဒီလိုအကြံပေးခဲ့တယ်လို့ အစည်းအဝေးတခုမှာ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။
ဂျပန်ရဲ့ ကလေးမွေးနှုန်းက အနှစ် တရာကျော်အတွင်း အနည်းဆုံး ဖြစ်နေပေမယ့် လူတိုင်းက ဒီ ၇၂ နှစ် အရွယ် အမတ်ရဲ့ အကြံဉာဏ်ကို သဘောတူတာ မဟုတ်ပါဘူး။
ဂျပန် လွှတ်တော်ထဲက အမျိုးသမီး အမတ် အများအပြားက သူ့ကို လိင်ခွဲခြားတဲ့လူ၊ ယောက်ျား ကြီးစိုးရေး ဝါဒီလို့ စွပ်စွဲကြပါတယ်။
လစ်ဘရယ် ဒီမိုကရက်ပါတီက လူကြီး အမတ်တွေထဲက ဒီလို စကားပြောတာတော့ ဒါ ပထမဆုံး မဟုတ်ပါဘူး။
သူက စုံတွဲတွေကို သူတို့ကလေးမယူရင် အသက်ကြီးလာတဲ့အခါ သူများကလေးတွေက ပေးတဲ့အခွန်ကို မှီခိုနေထိုင်နေရလိမ့်မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
မနှစ်က ဂျပန်မှာ မွေးတဲ့ ကလေး အရေအတွက်က ကိုးသိန်းခွဲ မပြည့်ပါဘူး။ ဒါဟာ ၁၈၉၉ နောက်ပိုင်း အနည်းဆုံး ဖြစ်ပါတယ်။
ဂျပန်မှာ အခု အသက် ၁၄ နှစ်အောက် ကလေးက ၁၅ သန်းပဲ ရှိပါတယ်။
ပြီးခဲ့တဲ့ အနှစ် ၆ဝ နဲ့ ယှဉ်ရင် တဝက်ကျော်နည်းသွားတာ ဖြစ်ပါတယ်။