ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေသန့်ဗူးတွေမှာ ပလတ်စတစ် အမှုန်တွေတွေ့
လူကြိုက်များတဲ့ ရေသန့်ဗူး တွေမှာ ပလတ်စတစ် အမှုန်တွေ ပါနေတာကို တွေ့ရတယ်လို့ အမေရိကန်ပြည်ထောင်စုက သုတေသနသမားတွေက ပြောပါတယ်။
အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်၊ ဘရားဇီး၊ မက္ကဆီကို၊ ဂျာမနီစတဲ့ နိုင်ငံ ၉ နိုင်ငံမှာ ရောင်းချနေတဲ့ ရေသန့်တွေနဲ့ နိုင်ငံတကာမှာ နာမည်ကြီး တံဆိပ်အမျိုးမျိုး ရေသန့်ဗူး ပုလင်း ၂၅ဝကို စစ်ဆေး သုတေသန လုပ်ဆောင်ခဲ့အပြီး တွေ့ရှိခဲ့တာကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
တလီတာကို ပလတ်စတစ်အမှုန် ပျှမ်းမျှ ၁ဝခုလောက် ပါဝင်နေပြီး အမှုန်တွေရဲ့ ဗြက်က လူ့ဆံပင်တွေထက် ပိုကြီးတယ်လို့ ဆိုပါတယ်။
စစ်ဆေးရာမှာပါဝင်တဲ့ ရေသန့်ကုမ္ပဏီတွေကတော့ ရေသန့်ဗူးတွေကို အမြင့်ဆုံးစံချိန်နဲ့ ထုတ်လုပ်တာလို့ ပြောပါတယ်။
စမ်းသပ်စစ်ဆေးမှုတွေကို Fredonia မှာရှိတဲ့ State University of New Yorkမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
လေ့လာစစ်ဆေးရာမှာ ပါဝင်တဲ့ ဒီတက္ကသိုလ် ဓာတုဗေဒ ပါမောက္ခ Sherri Masonက တွေ့ရှိချက်က စိုးရိမ်စရာကောင်းတယ်လို့ ပြောပါတယ်။
သေးငယ်တဲ့ မိုက်ခရို ပလတ်စတစ်တွေ မြိုချမိရင် အန္တရာယ်ဖြစ်စေတဲ့ အထောက် အထားတော့ မတွေ့ရဘူးလို့ပါတယ်။
သုတေသနကို ဂျာနယ်လစ်ဇင်အဖွဲ့ Orb Mediaက ဦးဆောင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။