ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆော်ဒီမှာထိပ်တန်းစစ်တပ်ရာထူး အပြောင်းအရွေ့လုပ်
ဆော်ဒီမှာ တော်ဝင်အမိန့်ဒီကရီတွေ ထုတ်ပြန်ပြီး ကာကွယ်ရေး ဦးချုပ် အပါအဝင် ထိပ်တန်း စစ်တပ် အရာရှိရာထူး အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။
ယီမင်မှာ ဆော်ဒီ ဦးဆောင်တဲ့ ညွှန့်ပေါင်း အဖွဲ့က သူပုန်တွေအပေါ် စစ်ဆင်နွှဲနေမှု သုံးနှစ်နီးပါး ရှိလာချိန်မှာ အခုလို အပြောင်းအလဲတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
လေတပ် ၊ ကြည်းတပ်နဲ့ လေကြောင်း ကာကွယ်ရေး ဌာနက အကြီးအကဲတွေ ရာထူးက ထုတ်ပယ် ခံခဲ့ရပါတယ်။
ထူးထူးခြားခြား ရာထားခံရတဲ့အ မျိုးသမီး တယောက် အပါအဝင် ဒုဝန်ကြီး နေရာ အတော်များများလည်း ခန့်အပ်ခံခဲ့ရပါတယ်။
ယီမင်တောင်ပိုင်းက ဟူသီ သူပုန်တွေကို ဆော်ဒီက ၀င်တိုက်နေပေမယ့် ဟူသီတွေက မြို့တော် ဆန်နာ့နဲ့ တခြား နေရာ တော်တော်များများကို ဆက်လက် ထိန်းချုပ်ထားလျက် ရှိတာ ဖြစ်ပါတယ်။