ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟယ်ရီနဲ့ မက်ဂန်တို့ မင်္ဂလာရက်သတ်ပြီ
ဗြိတိသျှ ဘုရင်မကြီးရဲ့ မြေးတော် ဟယ်ရီ မင်းသားနဲ့ အမေရိကန်သူ မက်ဂန်မာကယ်တို့ နောက်နှစ် မေလ ၁၉ ရက် လက်ထပ်မယ်လို့ ကင်ဆင်တန် နန်းတော်က ကြေညာ လိုက်ပါတယ်။
အရင်လကပဲ သူတို့ စေ့စပ်ပြီးကြောင်း ကြေညာခဲ့ကြပါတယ်။
မင်္ဂလာပွဲကိုတော့ ဝင်ဆာ ရဲတိုက် ကြီးက စိန့်ဂျော့ ဘုရားကျောင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဂီတ၊ ပန်းဖိုးနဲ့ ဧည့်ခံစရိတ် စတဲ့ မင်္ဂလာ လက်ထပ်ပွဲ စရိတ်စက အဝဝကို ဗြိတိသျှ ဘုရင့် မိသားစု တွေက ကျခံ မှာ ဖြစ်ပါတယ်။
သူတို့ မင်္ဂလာရက် ဟာ အက်ဖ်အေ ကပ် ဘောလုံး ဖလား ဗိုလ်လုပွဲ ရက် ဖြစ်ပါတယ်။
အဲဒီပွဲကို အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အနေနဲ့ ဝီလျံ မင်းသား ပုံမှန် တက်လေ့ ရှိပါတယ်။
သူတို့ စုံတွဲ အဲလစ်ဇဘက် ဘုရင်မကြီးနဲ့ ဆန်ဒရင်ဟမ် အိမ်တော်မှာ ခရစ္စမတ် အတူနေကြဖို့လည်း ရှိပါတယ်။
ပရိုတက်စတင့် ဘာသာဝင် မစ္စ မာကယ်ဟာ ဘုရင့်မိသားစု ကိုးကွယ်တဲ့ အင်္ဂလီကန် အသင်းတော်မှာ နှစ်ခြင်းခံဖို့လည်း ရှိပါတယ်။
ဟယ်ရီနဲ့ မက်ဂန်တို့ တရားဝင် စေ့စပ်ကြောင်းလမ်းတာကို နော်တင်ဟမ်မှာ ဒီဇင်ဘာလ ၁ ရက်က ကျင်းပခဲ့ပါတယ်။