ပုပ်ရဟန်းမင်းလည်း ဆုတောင်းနေရင်း အိပ်ပျော်တတ်တယ်

ဓာတ်ပုံ ရင်းမြစ်, AFP
တခါတလေမှာ ဆုတောင်းနေရင်းနဲ့ ခဏတာ မှေးကနဲ အိပ်ပျော်သွားတာမျိုးတွေရှိတယ် လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဝန်ခံပြောကြားလိုက်ပါတယ်။
တခါတလေမှာ ဆုတောင်း ရှိခိုးနေရင်းနဲ့ အိပ်ပျော်သွားခဲ့တယ် လို့ ယူကျူ့မှာ တင်ထားတဲ့ ကက်သလစ် ၂၀ဝ၀ ရုပ်သံ အစီအစဉ်မှာ ပုပ်ရဟန်းမင်း ဖရန်စစ်က ပြောဆိုထားပါတယ်။
၁၉ ရာစုက Saint Therese ဟာလည်း ဒီလို ဖြစ်တတ်ပါတယ်လို့ အသက် ၈၀ အရွယ် ပုပ်က ပြောပါတယ်။
ဒီလို ခဏတာ အိပ်ပျော်တတ်တာမျိုးကို ဘုရားသခင်အနေနဲ့ ကျေနပ်ကြောင်းနဲ့ ခရစ်ယာန်တွေကတော့ ကလေးတွေဟာ သူတို့ ဖခင်ရဲ့ လက်ပေါ်မှာ အိပ်ပျော်သွားတဲ့ သဘောမျိုး ပြောဆိုလေ့ရှိတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောပါတယ်။
ကက်သလစ် ၂၀ဝ၀ ရုပ်သံ သတင်းကတော့ ပုပ်ဖရန်စစ်ဟာ ည ၉ နာရီဆို အိပ်ယာဝင်လေ့ရှိပြီး မနက် ၄ နာရီဆိုရင် ထလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။
အာဂျင်တီးနားနိုင်ငံသားဖြစ်တဲ့ ပုပ်ရဟန်းမင်းဟာ ၂၀၁၃ ခုနစ်က ပုပ်ရဟန်းမင်းအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။




