ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုဟင်ဂျာကလေးငယ်တွေ ဘ၀ UNICEF အစီရင်ခံ
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံကြသူ ရိုဟင်ဂျာ ကလေးငယ်တွေရဲ့ ဘဝအခြေအနေတွေအကြောင်း မီးမောင်းထိုး ဖော်ပြထားတဲ့ အစီရင်ခံစာတခုကို UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
သီတင်းပတ်တိုင်း ကလေး တသောင်း နှစ်ထောင်လောက် နယ်စပ် ဖြတ်ပြီး လူတွေ မတန်တဆ ပြည့်ကျပ်နေတဲ့ ဒုက္ခသည်စခန်းတွေဆီ ရောက်လာနေကြတယ်လို့ ဆိုပါတယ်။
အဲဒီကလေးငယ်တွေမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ တခြား အခြေခံသုံး ပစ္စည်းတွေ ပြတ်လပ်နေပြီး ရောဂါကူးစက်မှု အန္တရာယ်၊ အသုံးချခံရမယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ UNICEFက ပြောပါတယ်။
လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် အလှူငွေ ထည့်ဝင်ရေးအဆိုပြုမယ့် ညီလာခံကြီး မကျင်းပခင် ဒီ အစီရင်ခံစာ ပေါ်ထွက်လာတာ ဖြစ်ပြီး အဲဒီညီလာခံမှာ ရိုဟင်ဂျာ ကလေးတွေကို အကူအညီပေးဖို့ ဒေါ်လာ ၇၆ သန်း လှူဒါန်းထည့်ဝင်ကြဖို့ UNICEFက ပန်ကြားဖို့ ရှိပါတယ်။