ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန် ပဲ့ထိန်းဒုံးကျည်သစ် စမ်းသပ်
မိုင် ၁၂ဝဝ ကျော် ပစ်နိုင်တဲ့ အီရန် ပဲ့ထိန်းဒုံးကျည်သစ် အောင်မြင်စွာ စမ်းသပ်နိုင်ပြီလို့ ဆိုပါတယ်။
ခိုရာမရှား ဒုံးကျည် ကို မနေ့က တီဟီရန်မှာ စစ်အခမ်းအနားနဲ့ ခင်းကျင်းပြသခဲ့သလို စမ်းသပ်ပစ်လွှတ်တာကို အီရန် အစိုးရ ရုပ်သံမှာ ပြသခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် က အီရန်ရဲ့ ဒုံးလက်နက် အစီအစဉ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဝေဖန် တိုက်ခိုက်ခဲ့ပြီး ရက်ပိုင်းအတွင်း ဒီလို စမ်းသပ်ပြခဲ့တာ ဖြစ်ပါတယ်။
အီရန်ကတော့ ကာကွယ်ရေး အတွက် ဒီလို ဒုံးကျည် ထုတ်လုပ်ပိုင်ခွင့် ရှိရမယ်ဆိုပြီး ခုခံ ပြောဆိုခဲ့ပါတယ်။
နောက်ပြီး ဒီရော့ကတ် ဒုံးကျည်တွေမှာ အဏုမြူ လက်နက် တပ်ဆင်ဖို့ မရှိဘူးလို့လည်း ဆိုပါတယ်။