ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယား အပေါ် ဖိအားတွေ ပိုပေးဖို့ ထရမ့်နဲ့ ရှီ သဘောတူ
မြောက်ကိုရီးယား အပေါ် ဖိအားပေးမှုတွေ ပိုမို ပြုလုပ်ဖို့ အမေရိကန်နဲ့ တရုတ် သမ္မတတို့ သဘောတူ ခဲ့ကြတယ် ဆိုပြီး အိမ်ဖြူတော်က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီယာ ရည်မှန်းချက်နဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်နဲ့ သမ္မတ ရှီကျင်းပင်တို့ တယ်လီဖုန်းကနေ တဆင့် စကား ပြောဆို ခဲ့ကြတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ နောက်ဆုံး ချမှတ် ထားတဲ့ ဆုံးဖြတ်ချက်တွေကို အပြည့်အဝ အကောင်အထည် ဖော်ဖို့ သမ္မတ နှစ်ဦး သဘောတူ ခဲ့ကြတာပါ။
ဒီလို ပိတ်ပင်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ နျူကလီယာ အစီအစဉ်တွေကို ပိုပြီး အရှိန်မြှင့် ဆောင်ရွက် သွားမယ် ဆိုပြီး ပြုံယမ်း အစိုးရကတော့ တန်ပြန် ခြိမ်းခြောက် ထားပါတယ်။