ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လန်ဒန် မြေအောက်ရထား ဗုံးကွဲမှု နောက်ထပ်လူတဦးကို ဖမ်းဆီး
သောကြာနေ့က ဖြစ်တဲ့ လန်ဒန် မြေအောက်ရထား ဗုံးကွဲမှုနဲ့ ဆက်စပ်ပြီး အသက် ၂၁နှစ်အရွယ် လူငယ် တဦးကို လန်ဒန် အနောက်ပိုင်းမှာ စနေနေ့က ထပ်မံဖမ်းဆီး ခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ဒုတိယမြောက်ဆက်စပ်သူအဖြစ် သူ့ကို မနေ့ညက လန်ဒန် မြို့ ဟောင်းစလိုး ရပ်ကွက်မှာ အကြမ်းဖက် အက်ဥပဒေနဲ့ ဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလူငယ်ကို လန်ဒန်တောင်ပိုင်းက ရဲစခန်းတခုမှာ ဖမ်းဆီးထိန်းသိမ်းထားသလို ဒီအကြမ်းဖက်တိုက်ခိုက်မှုရဲ့ သံသယရှိသူအဖြစ် စနေနေ့မနက်ပိုင်းက ဖမ်းဆီးထားတဲ့ အသက် ၁၈ နှစ်အရွယ်လူငယ် ကိုလည်း ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။
ဒီလို ထပ်မိ လိုက်တဲ့အတွက် ဒီတိုက်ခိုက်မှုဟာ တယောက်ထဲက ဆောင်ရွက်တာ မဟုတ်ကြောင်း သိလာရတယ်လို့ ဗြိတိသျှ ပြည်ထဲရေး ဝန်ကြီး အမ်ဘာ ရဒ်က ဘီဘီစီကို ပြောပါတယ်။
ဒီတိုက်ခိုက်မှု နောက်မှာ အိုင်အက်စ် ပါတဲ့ သက်သေ မတွေ့ရကြောင်းလည်း မစ္စ ရဒ်က ပြောပါတယ်။
ဒါပေမဲ့ နောက်ထပ် စုံစမ်းမှုတွေ လုပ်ပြီး သူတို့ ဘယ်လို အစွန်းရောက် ဖြစ်လာတယ် ဆိုတာ ရှာမယ်လို့လည်း ဆိုပါတယ်။
ဗြိတိန် တဝှမ်း အကြမ်းဖက် တိုက်ခိုက်မှု အတွက် အရေးကြီး အဆင့် တပ်လှန့်ထားပြီး နောက်ထပ် ဖြစ်နိုင်ခြေ များတယ်လို့ ယူဆ နေကြပါတယ်။
ဆေးရုံမှာ တင်ထားသူတွေထဲက တယောက်ပဲ ကျန်တော့တယ်လို့လည်း သိရပါတယ်။
ဒီပေါက်ကွဲမှုမှာ လူ ၃၀ လောက် ဒဏ်ရာရခဲ့ပြီး အိုင်အက်စ်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာထားပါတယ်။