ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆီးရီးယားမြောက်ပိုင်း မြို့တမြို့ IS လက်လွတ်
ဆီးရီးယား မြောက်ပိုင်းမှာ အမေရိကန် ထောက်ခံတဲ့ သူပုန်တပ်တွေက မဟာဗျူဟာအရ အရေးကြီးတဲ့ မြို့ တမြို့နဲ့ ဆည်တခုကို I-S စစ်သွေးကြွ တွေ လက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တော်ဘက်ကာ မြို့ ကိုရဖို့ ကာ့ဒ် နဲ့ အာရပ် တပ်တွေက ရက်တွေနဲ့ချီ တိုက်နေခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို အမေရိကန်က လေကြောင်းက ကူညီတိုက်ခိုက် ပေးခဲ့ပါတယ်။
IS တွေက မြို့မြောက်ပိုင်းမှာ အပြင်းအထန် ခုခံခဲ့ကြတာပါ။
ဒီမြို့ဟာ အရေးကြီးတဲ့ ထောက်ပံ့ရေး လမ်းကြောင်းပေါ်မှာ ရှိပြီး IS တွေရဲ့ အခိုင်အမာ တပ်စွဲထားတဲ့ ရက်ကာ မြို့နဲ့ မိုင် ၃ဝ လောက်ပဲ ဝေးတာ ဖြစ်ပါတယ်။