ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိန် ဒေသန္တရ ရွေးကောက်ပွဲတွေမှာ အာဏာရပါတီ အပြတ်အသတ်နိုင်
ဗြိတိန် နိုင်ငံရဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေမှာ အာဏာရ ကွန်ဆာဗေးတစ် ပါတီ အကြီးအကျယ် အောင်ပွဲ ဆင်ခဲ့ပါတယ်။
ဒေသန္တရ အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့တွေ အတွင်း ရထား လက်စ နေရာတွေ သာမက တနိုင်ငံလုံး အနှံ့ နောက်ထပ် နေရာ ၅ဝဝ ကျော်ပါထပ်ပြီး ရလာတာကြောင့် ဒါဟာ အနှစ် ၄ဝ ကျော် အတွင်း ဘယ် အာဏာရ နိုင်ငံရေး ပါတီမှ မရခဲ့ဖူးတဲ့ အောင်မြင်မှု ပမာဏမျိုး ဖြစ်ပါတယ်။
ထပ်ရလာတဲ့ နေရာတွေထဲက အများစုဟာ လေဘာ ပါတီ ဆီက ဖြစ်ပါတယ်။
စောပြီး ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ အချိန် တစ်လ သာသာ လောက်ပဲ လိုတော့တဲ့ အချိန်မှာ အဓိက အတိုက်အခံ ပါတီ လေဘာ အပေါ် ကွန်ဆာဗေးတစ် ပါတီက ဒေသန္တရ ရွေးကောက်ပွဲ တွေ အတွင်း ထိုးနှက် နိုင်ခဲ့တာပါ။
အခု ရွေးကောက်ပွဲတွေမှာ အကြီးအကျယ် အထိနာ သွား နောက်ပါတီ တစ်ခု ကတော့ တာကတော့ ဥရောပ သမဂ္ဂ ဆန့်ကျင်ရေးမူ ကိုင်ဆွဲတဲ့ UKIP ပါတီပဲ ဖြစ်ပါတယ်။
အခု ဒေသန္တရ ရွေးကောက်ပွဲ ရလဒ်တွေသာ လာမယ့် အထွေထွေ ရွေးကောက်ပွဲ အပေါ် ထင်ဟပ် နိုင်မယ် ဆိုရင် ဝန်ကြီးချုပ် ထရီဇာမေ အနေနဲ့ ပြတ်ပြတ်သားသား အောင်ပွဲ ခံနိုင်လိမ့်မယ် ဆိုပြီး လေ့လာသူတွေက သုံးသပ် နေကြပါတယ်။