ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှ စိန့်ပီတာစဘတ်မှာ ဗုံးထပ်မံ တွေ့ရှိ
ပြီးခဲ့တဲ့ တနင်္လာနေ့ က ရုရှ နိုင်ငံ စိန့်ပီတာစဘတ် မြို့မှာ ဖြစ်ပွား ခဲ့တဲ့ ဗုံးပေါက်ကွဲမှု မှာ အဓိက လက်သည် တရားခံ အက်ဘာဇွန် လာလီဇော့ဗ် နဲ့ ဆက်စပ်တဲ့ အာရှ အလယ်ပိုင်း ဒေသ က လူ အချို့ ကို ရဲတပ်ဖွဲ့ က ဖမ်းဆီး ခဲ့ပါတယ်။
အဲဒီလူတွေကို ဖမ်းဆီး ခဲ့စဉ် အတွင်း သူတို့ နေထိုင်ရာ တိုက်ခန်း ကနေ လက်ပစ်ဗုံး တစ်လုံး ကိုလည်း ရှာဖွေ တွေ့ ရှိခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။
အဲဒီလက်ပစ် ဗုံးဟာ ဒုတိယ ကမ္ဘာစစ် လက်ကျန် ဗုံး ကို စနစ်တံ ပြောင်းလဲ တပ်ဆင် ထားပြီး ဘေးကင်း အောင် ဆောင်ရွက် နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဖြစ်ပွား ခဲ့တဲ့ စိန့်ပီတာစဘတ် မြို့က မြေအောက် ရထား ဘူတာ က ပေါက်ကွဲမှု အတွင်းမှာ လူ ၁၄ ဦး သေဆုံး ခဲ့ရပြီး အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ကြောင်း ရုရှ ဘက်က စွပ်စွဲ ထားပါတယ်။