ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိမ်ဖြူတော် ဝန်ထမ်းတချို့ရဲ့ ပိုင်ဆိုင်မှုကြေညာ
အမေရိကန်အိမ်ဖြူတော်က သမ္မတ ထရမ့် လက်အောက်မှာ လုပ်ကြတဲ့ ဝန်ထမ်းအဖွဲ့ဝင်တချို့ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးကို ဥပဒေကြောင်းအရ လိုအပ်ချက်နဲ့ ကြေညာခဲ့ပါတယ်။
အဲဒီအထဲမှာ သမ္မတရဲ့ လက်ထောက်အဖြစ် အလုပ်လုပ်နေတဲ့ မစ္စတာ ထရမ့်ရဲ့ သမီး အီဗန်ကာ ထရမ့်နဲ့ သူ့အမျိုးသားတို့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒေါ်လာ သန်း ၇၀ဝ ကျော်ရှိနေပြီး ထိပ်တန်း စီးပွားရေး အကြံပေး ဂယ်ရီကုံးန်ကလည်း ဒေါ်လာ သန်း ၂၀ဝ ကျော် ချမ်းသာတယ်လို့ သိရပါတယ်။
အိမ်ဖြူတော်ဘက်ကတော့ သူ့ရဲ့ ဝန်ထမ်းတွေဟာ ရှိနေတဲ့ ဘဝနဲ့ ငွေကြေးတွေကို စွန့်ပယ်ပြီး အစိုးရအဖွဲ့ထဲ ဝင်ရောက်လာတာလို့ ဂုဏ်ဖော်ပြောဆိုထားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့မှာ ပါဝင်သူတွေအားလုံးရဲ့ ပိုင်ဆိုင်မှု တန်ဖိုး စုစုပေါင်းကတော့ အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ လောက်ရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။
သမ္မတ ထရမ့်ကိုယ်တိုင်လည်း သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို သားအကြီးဆုံး ၂ ယောက်ကို လွှဲခဲ့ပေမယ့် ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ဖို့ လိုနေတယ်လို့ အစိုးရ ကျင့်ဝတ်ဆိုင်ရာ ဌာနက အကြံပြုထားတာလည်း ရှိနေပါတယ်။