မြောက်ကိုးရီးယားနဲ့ မလေးရှား သံတမန်ရေး တင်းမာ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ အဖေတူ အမေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံနမ်း အသတ်ခံရမှုနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ပိုတိုးလာချိန်မှာ မလေးရှားနိုင်ငံက မြောက်ကိုရီးယားမှာရှိတဲ့ သူ့ရဲ့ သံအမတ်ကြီးကို ပြန်ခေါ် လိုက်ပါတယ်။

ကင်ဂျုံနမ်းဟာ ကွာလာလမ်ပူ မြို့တော် လေဆိပ်မှာ အဆိပ်နဲ့ သတ်ဖြတ်ခံရတာလို့ ယူဆရပါတယ်။

အဲဒီလူဟာ ကင်ဂျုံနမ်း ဖြစ်တယ် လို့ ပြောနိုင်တဲ့ အထောက်အထား ကို မြောက်ကိုရီးယားက မေးခွန်း ထုတ်နေပြီး သူတို့ ဆီကို အလောင်းလွှဲပေးဖို့ တောင်းဆိုနေပါတယ်။

အဲဒီ သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မလေးရှားက စုံစမ်း စစ်ဆေး နေချိန်မှာ ဒါဟာ မြောက်ကိုရီးယားကို မလိုလားတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်း ကြံစည်တာဖြစ်တယ်လို့ စွပ်စွဲခဲ့တဲ့ မြောက်ကိုရီးယား သံအမတ်ကြီးကိုလည်း မလေးရှားက ဆင့်ခေါ်ခဲ့ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယား သံအမတ်ကြီး ကန်ချိုးကတော့ ဖြစ်ပျက်မှုတွေ အားလုံးကို ကြည့်ရင် ဒါဟာ မလေးရှားနဲ့ တောင်ကိုရီးယားတို့ရဲ့ နိုင်ငံရေး အရ ပူးပေါင်း ကြံစည်မှု ဆိုတာ မြင်နေရတယ်လို့ ပြောပါတယ်။